ဘာစီလိုနာ နဲ့ ပွဲစဉ် အတွက် လူစာရင်း ထုတ်ပြန် ကြေညာသွားတဲ့ မန်ချက်စတာ ယူနိုက်တက်
|မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ဥရောပ ယူရိုပါလိဂ် ရှုံးထွက် ပွဲစဥ် အတွက် လူစာရင်းကို ထုတ်ပြန် သွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ဥရောပ ယူရိုပါလိဂ် ပြိုင်ပွဲမှာ
အုပ်စု အဆင့်၌ အုပ်စု ဒုတိယ နေရာဖြင့် နောက် တစ်ဆင့်ကို တက်ရောက် ခဲ့တာဖြစ်ပါတယ်၊ စည်းမျဥ်းသစ် အရ ရှုံးထွက် အဆင့်မှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှ အုပ်စု အဆင့်ကနေ ထွက်ခဲ့ရတဲ့
အသင်း တစ်သင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ရှုံးထွက် အဆင့်မှာတော့ ချန်ပီယံလိဂ် ကနေ ပြုတ်ကျလာတဲ့ ဘာစီလိုနာ အသင်းနဲ့ ရင်ဆိုင်ရမှာပါ။
ထို ပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ကစားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းနဲ့ ယူရိုပါလိဂ် ပွဲစဥ်ကို ရင်ဆိုင်ဖို့ အတွက်
မန်ချက်စတာ ယူနိုက်တက် အသင်းက ကစားသမား ၂၅ ယောက် စာရင်းကို ထုတ်ပြန်ခဲ့ တာပါ။ ဂိုးသမား နေရာအတွက် ဒီဂီယာ၊ တွန်ဟိတန် နဲ့ ဂျက်ဘတ်လန်း တို့ ၃ ဦးထိ ပါဝင်လာ ခဲ့ပါတယ်။
ခံစစ်ပိုင်း မှာတော့ ဗာရန်း၊ မာတီနက်ဇ်၊ မက်ဂွိုင်းယား နဲ့ လင်ဒီလော့ဖ် ဗဟိုခံစစ်မှုး ၄ ဦးထိ ပါဝင်ခဲ့တာပါ။ Full Back တွေ အဖြစ် ဘစ်ဆာကာ၊ မာလာစီယာ၊ ဒါလော့ဒ်၊ လုခ်ရှော တို့ ဖြစ်ပါတယ်။
ကွင်းလယ်ပိုင်း အတွက် ကတ်စမဲရိုး၊ ဖရက်ဒ်၊ တွန်မိီနေးလ်၊ အဲရစ်ဆင်၊ ဆာဘစ်ဇာ၊ ဗန်ဒီဘိခ် နဲ့ ဘရူနို ဖာနန်ဒက် တို့ ၇ ဦးလုံး ပါဝင်လာ ခဲ့ပါတယ်။ တိုက်စစ်ပိုင်း မှာတော့ ပါယ်လစ္စထရီ၊ ဂါနာချို၊
အန်တိုနီ၊ ဆန်ချို၊ မားကပ် ရပ်ရှ်ဖို့ဒ်၊ ဝဂ်ဟော့စ် နဲ့ မာစီယဲလ် တို့ ၇ ဦးကို ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ ရှုံးထွက် အဆင့်တွေမှာ
ဘာစီလိုနာ အသင်းကို အတောင့်တင်းဆုံး ဖြစ်တဲ့ လူစာရင်းနဲ့ အကောင်းဆုံး ကျော်ဖြတ်ပြီး ဥရောပ ဖလား အိပ်မက်ကို ဆက်လက် အသက်သွင်းဖို့ ရှိနေပါတယ်။
credit