လာမယ့် နွေရာသီမှာ ဟယ်ရီကိန်း ကို အရ ခေါ်ယူဖို့ ‌အသင်းမှ ရောင်းချသွားမယ့် ကစားသမား စာရင်းကို ကြိုတင် အသိပေးလိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ် က နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ တော့တင်ဟမ် ဟော့စပါး ကြယ်ပွင့် အင်္ဂလန် လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ ယတိပြတ် ဆုံးဖြတ်ထားပြီး




ဒီအတွက် အသင်းမှာ ပိုလျှံနေတဲ့ ကစားသမားများကို ရှင်းထုတ် ရောင်းချသွားမယ်လို့ သိရပါတယ်၊ အဲရစ် တန်ဟက်ဂ် ဂာ တိုက်စစ်မြှားဦး နေရာအတွက် ဟယ်ရီကိန်း ကို ခေါ်ယူဖို့ ဆုံးဖြတ်ထား တာကြောင့်




ယခုလို အသင်းက ကစားသမားများကို ရောင်းချဖို့ စီစဉ်နေတာ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာနများကလည်း ဖော်ပြသွား ခဲ့ကြပါတယ်။ ရောင်းချမယ့် လူစာရင်းမှာ စီနီယာ ကစားသမား အချို့ ဖြစ်တဲ့ မက်ဂွိုင်းယား၊ တွမ်မီနေး အပြင်




မာစီရယ် နဲ့ အခြား ကစားသမားများလည်း အပါအဝင် ရောင်းထုတ်မှာ ဖြစ်တယ်လို့ မိုင်ရာ သတင်းစာက အတည်ပြုခဲပြီး ထို့ပြင် မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင်များက အသင်းအတွက် ရင်းနှီးမြှပ်နှံသူသစ်




ရှာဖွေနေပြီး နည်းပြ အဲရစ် တန်ဟက်ဂ် ကလည်း အသင်းရဲ့ အကျိုးအတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်လေ့ ရှိတာ‌ေကြာင့် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရန် နီးစပ်နေသဖြင့်




ခံစစ်အတွင်းလူ တစ်ဦးနှင့် တိုက်စစ်မှူး တစ်ဦးကို အားဖြည့်ချင် နေပါ‌သေးတယ်၊ ရော်နယ်ဒို ကို အသင်းမှ ထုတ်ခဲ့ခြင်းက အဲရစ် တန်ဟက်ဂ် ရဲ့ ပြတ်သားမှုကို သက်သေပြရာ ရောက်နေပြီး လက်ရှိ အချိန်မှာ

အဲရစ် တန်ဟက်ဂ် ဟာ ဝက်ဟော့စ် နဲ့ ဆာဘစ်ဇာ ကို အငှားနဲ့ သာ ခေါ်ယူထား နိုင်တာကြောင့် နွေရာသီမှာ အပြီးသတ် ခေါ်ယူမှု တစ်ချို့ကို ပြုလုပ်ရန် ကြိုးစားနေခြင်းလည်း ဖြစ်ပါတယ်။

credit