ကတ်စမဲရိုး ကို အနီနဲ့ ပွဲပယ်ထိစေခဲ့တဲ့ အပေါ် ယနေ့ထိ အသင်းမှာ အသင်းသားတွေ ဘယ်လို မကျေမခဲ ဖြစ်နေကြသလဲ ထုတ်ပြောလာတဲ့ လုခ်ရှော

မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှော က ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ပွဲမှာ တိုက်ရိုက် အနီကဒ် ထိခဲ့တဲ့ အသင်းဖော် ကတ်စမဲရိုး ဟာ သုံးပွဲပယ် ခံရမှာနဲ့ ပတ်သက်ပြီး အသင်းသား အားလုံး မကျေမခဲ ဖြစ်‌နေကြကြောင်း ထုတ်ပြော လိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ စနေနေ့က ခရစ္စတယ် ပဲလေ့စ် နဲ့ ရင်ဆိုင်ခဲ့ရပြီး 2-1 နဲ့ အနိုင်ယူသွား နိုင်ခဲ့ပါတယ်၊ ပွဲစဥ်ရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်း အစကို ထိန်းချုပ် နိုင်ခဲ့ပေမယ့် မိနစ် 70 မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့မှုကြောင့် ကတ်စမဲရိုး




တိုက်ရိုက် အနီကဒ် ထိခဲ့ပြီး လက်ကျန် မိနစ် 30 ခန့်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်၊ အဆိုပါ မိနစ်တွေမှာ ပဲလေ့စ် ဟာ မန်ချက်စတာ ယူနိုက်တက် ကို ဖိအားပေး ကစားပြီး တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။




ဒီပွဲစဥ်မှာ တိုက်ရိုက်အနီ ထိခဲ့တာကြောင့် ကတ်စမဲရိုး ဟာ သုံးပွဲ ပယ်ခံရပါတော့မယ်၊ ဒါ့အပြင် ဒီရာသီ အတွဲမိမိ ကစားခဲ့ကြတဲ့ ကတ်စမဲရိုး နဲ့ အဲရစ်ဆင် ကွင်းလယ် အတွဲဲကို လွမ်းဆွတ် နေရပါတော့မယ်၊ အခုတော့ လုခ်ရှော က သူတို့ စိတ်ပျက်ခဲ့ကြတယ်။




ဒါဟာ အခြား အသင်းဖော်တွေ အတွက် အခွင့်အရေး ရရှိခြင်း ဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ရိုးရိုးသားသား ပြောရရင် ဒီအဖြစ် အပျက်ထဲမှာ ပါဝင် ပတ်သက်သူတွေ အရမ်းကို များပြားခဲ့တယ်၊ ဘာတွေ ဖြစ်ပျက်နေ ခဲ့သလဲ ဆိုတာ ကျွန်တော် ပြောတောင် မပြတတ်ဘူး။




ကွင်းလယ်ဒိုင် VAR ဆီ ထွက်သွားချိန် အခြေအနေ မကောင်းဘူး ဆိုတာ ကျွန်တော် သိခဲ့တယ်၊ ဟုတ်တယ်၊ ကျွန်တော်တို့ သူ့ကို ဆုံးရှုံးရတော့မှာနဲ့ ပတ်သက်ပြီး တကယ့်ကို မကျေမနပ် ဖြစ်မိပါတယ်၊ ခုထိလည်း အသင်းသား အားလုံး မကျေမနပ် ဖြစ်နေကြဆဲပါ။




ဒါပေမယ့် အခုချိန် တစ်ခြားတစ်ယောက် အတွက် အခွင့်အရေး ရရှိခြင်း အသင်းအတွက် အစွမ်းပြဖို့ အချိန်ရ ရှိခြင်းလို့ တွေးရပါတော့မယ်၊ သူတို့ လာမယ် သူတို့ရဲ့ အရည်အသွေးတွေကို ပြကြမယ်၊ သူတို့ ဘာလို့ ကစားခွင့် ရကြသလဲ ဆိုတာကို သက််သေပြခွင့် ရလိမ့်မယ်။




ဆာဗစ်ဇာ ဆိုရင် ဒီနေ့ ကစားပုံ ကောင်းခဲ့ပါတယ်၊ သူ ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ လေ့ကျင့်ပုံ ကောင်းခဲ့တယ်၊ လူ ဆယ်ယောက်ပဲ ရှိတဲ့ အချိန် ကွင်းထဲ ဝင်ရောက်ပြီး အထင်ကြီးဖွယ် စွမ်းဆောင်ရည်ကို

အခုလို ပြသနိုင်ဖို့က မလွယ်ကူပါဘူး၊ ဒါပေမယ့် သူဟာ ယုံကြည် စိတ်ချဖွယ် ကောင်းလွန်းတဲ့ စွမ်းဆောင်ရည်ကို ပြသသွား နိုင်ခဲ့တယ်။ လို့ လုခ်ရှော က ပြောဆိူလိုက်တာပဲ ဖြစ်ပါတယ်။

credit