အာဆင်နယ်၊ မန်စီးတီး တို့နဲ့ ယှဉ်ပြီး မန်ချက်စတာ ယူနိုက်တက် ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးရေး ဖြစ်လာနိုင်ခြေ အပေါ် သုံးသပ် ထုတ်ပြန်လာတဲ့ ဂယ်ရီ နဗီးလ်
|အာဆင်နယ် နဲ့ မန်စီးတီး ယခုတစ်ပတ်မှာ ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ ပြီးနောက် ဂယ်ရီ နဗီးလ် က မန်ချက်စတာ ယူနိုက်တက် ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်တယ်လို့ ပြောခဲ့တာ ပုံပြင် မဟုတ်ကြောင်း ဆိုလိုက်ပါတယ်။
ဒါပေမယ့် အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ အနည်းငယ် စောသေးကြောင်း ရှေ့ဆက်ဖို့ လိုသေးကြောင်း ဝန်ခံခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဇယား ထိပ်ပိုင်းမှာ စိတ်၀င်စားစရာ ကောင်းတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပြီး အာဆင်နယ် နဲ့ မန်စီးတီး တို့ အဲဗာတန်၊ စပါး တို့ကို
ရှုံးနိမ့် ခဲ့ကြပါတယ်၊ အာဆင်နယ် က အဲဗာတန်ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီး ဒုတိယမြောက် ရှုံးပွဲ ကြုံတွေ့ခဲ့သလို မန်စီးတီး ကလည်း အာဆင်နယ် နဲ့ နှစ်မှတ် အကွာကို ရောက်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့်လည်း စပါးကို ၁-၀ နဲ့ အရေးနိမ့် ခဲ့ပါတယ်၊ ထိပ်ဆုံး နှစ်သင်း ရမှတ်တွေ
ဆုံးရှုံးနေချိန်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ အိမ်ကွင်းမှာ ခရစ်စတယ် ပဲလေ့စ် ကို အနိုင်ယူကာ မန်စီးတီး နဲ့ ၅ မှတ်၊ အာဆင်နယ် အသင်းနဲ့ ၈ မှတ် အကွာ ရောက်လာ ခဲ့ပါတယ်။ ဂယ်ရီ နဗီးလ် က- ကျနော်တို့ အမှတ်ပေးဖလား အတွက် အခွင့်အရေး ရှိနေသလား?
ကျွန်တော် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ဖလား ဆွတ်ခူးနိုင်တဲ့ အခြေအနေ ရောက်လိမ့်မယ်လို့ မထင်မိပါဘူး၊ သူတို့ ခြေချော်လက်ချော် ဖြစ်သွားမှာပါ၊ ဖလား စိန်ခေါ်နိုင်တဲ့ အဆင့်ကို မရောက်သေးပါဘူး၊ အဲရစ်ဆင် ဒဏ်ရာ ရသွားခဲ့တာ ကလည်း မန်ချက်စတာ ယူနိုက်တက် ကို ထိခိုက်မှု
ကြီးမားစေပါတယ်၊ ဒါပေမယ့် သူတို့ အရမ်း ကောင်းအောင် လုပ်ပြနေပြီး ဘယ်အသင်းကို မဆို ကောင်းကောင်း ယှဉ်ပြိုင် နေနိုင်ပါပြီ၊ ကြည့်ရတာ ဘောလုံး ကစားရတာ ပျော်ရွှင် နေတဲ့ ပုံစံပါပဲ၊ ဒါက တကယ့်ကို အရေးကြီးတဲ့ အရာပါ။ ဒါမျိုး လိုအပ်ပါတယ်၊ ဒီ point of view က ကြည့်မယ် ဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက် ဟာ
အလုပ် ကောင်းကောင်း လုပ်နေပါတယ်။ အမှတ်ပေး ဖလား ဆွတ်ခူးနိုင်တယ်လို့ ပြောခဲ့တာဟာ ရယ်စရာစကား မဟုတ်တော့ပါဘူး၊ ဒီရာသီမှာ သူတို့ ဒီလို လုပ်နိုင်လိမ့်မယ်လို့ ကျနော် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ဘာလို့လဲဆို အနည်းငယ် စောနေသေးလို့ပါ၊ ဒါပေမယ့် ကျနော်သာ မန်စီးတီး နေရာမှာ ဆိုရင်
မန်ချက်စတာ ယူနိုက်တက် နဲ့ ပက်သက်ပြီး စိတ်ပူနေမိမှာပါ၊ သူတို့ ပရိတ်သတ်တွေက မန်စီးတီး ရဲ့ ကစားပုံနဲ့ ဂွာဒီယိုလာ ရဲ့ လူအပြောင်းအလဲ လုပ်မှုတွေ အပေါ် စိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ ဒီအချိန်မှာ ပျော်ရွှင်နေတဲ့ အသင်း ဖြစ်နေတယ်။
မန်စီးတီး ကလအနည်းငယ် moody ဖြစ်နေပြီး ဒီကာလကို ရုန်းထွက်နိုင်ဖို့ လိုအပ်ပါတယ်၊ မန်စီးတီး အမှတ်ပေးဖလား လွယ်လွယ်လေး ဆွတ်ခူးနိုင်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ကတော့ title race ရဲ့ နေရာကောင်းမှာ ရှိနေပါတယ်။ လို့ ဆိုလိုက်ပါတယ်။
credit