လာမယ့် နွေဈေးကွက် အတွက် အသင်းနဲ့ မာရှယ်ရဲ့ အနာဂတ် အခြေအနေကို အတည်ပြု သွားပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်

Manchester United အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့ဈေးကွက် ဖွင့်ရင် အသင်းမှာ အမြဲလို ဒဏ်ရာ ပြသာနာနဲ့ လုံးပန်းတဲ့ မာရှယ် ကို စိတ်ပျက်နေကာ ရောင်းထုတ်ဖို့ စီစဉ်နေပြီး နည်းပြ Erik Ten Hag က ၎င်းရဲ့ နေရာကို တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူ အစားထိုးသွားမယ်လို့ သိရပါတယ်။




၂၇ နှစ်အရွယ် ပြင်သစ် တိုက်စစ် ကစားသမား မာရှယ် ဟာ ဒီနှစ် ဘောလုံးရာသီ အတွင်းမှာ တံကောက်ကြော ဒဏ်ရာ၊ ကျောဒဏ်ရာ၊ ဖနောင့်ဒဏ်ရာ၊ စတဲ့ ဒဏ်ရာတွေ ဆက်တိုက် ရရှိထားတာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၉ ပွဲသာ ကစားခဲ့ရပြီး ပြိုင်ပွဲစုံ မှာလည်း




၁၄ ပွဲသာ ပါဝင်ထား ခဲ့ရပါတယ်၊ အသင်းက ခရစ္စတီယာနို ရော်နယ်ဒို နဲ့ လက်တွဲ ဖြုတ်ထားချိန် အသင်းရဲ့ တိုက်စစ်ပိုင်း အထူးသဖြင့် နံပါတ် ၉ နေရာ အတွက် မာရှယ် ကို အသုံးပြုဖို့ စီစဉ်ခဲ့ပေမယ့် မာရှယ် က ဒဏ်ရာတွေနဲ့ လုံးလည်ချာလည် လိုက်နေတာကြောင့်




မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဆောင်း ဈေးကွက်မှာ နယ်သာလန် တိုက်စစ်မှူး ဗက်ဟော့စ် ကို ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်၊ ဒီလို မကြာခဏ ဒဏ်ရာ ရရှိနေတတ်တဲ့ မာရှယ် ကို မန်ချက်စတာ ယူနိုက်တက် အသင်းက လာမယ့်နွေမှာ အသင်းကနေ




အပြီးသတ် ရောင်းထုတ်ဖို့ရှိနေပြီး တကယ်လို့ ဘန်လေ က အငှားနဲ့ ခေါ်ယူထားတဲ့ ဗက်ဟော့စ် ကို အပြီးသတ် မခေါ်ယူ ဖြစ်ခဲ့ရင် ကစားသမားသစ် ၂ ဦးလောက် အထိ ပြန်လည် ခေါ်ယူသွား နိုင်ပါတယ်၊ လက်ရှိ မန်ချက်စတာ ယူနိုက်တက် မှာ ရပ်ရှ်ဖို့ဒ် က




ခြေစွမ်းကောင်းတွေ ပြသပြီး တိုက်စစ်မှာ ဂိုးမြူးနေတယ် ဆိုပေမယ့် ရပ်ရှ်ဖို့ဒ် ကို အထောင် နေရာမှာထက် ဘယ်တောင်ပံ အခြမ်းမှာ ထားသုံးတာက ထိရောက်တာ ဖြစ်လို့ မာရှယ် ကို ရောင်းပြီး ဗက်ဟော့စ် ကိုသာ အပြီးသတ် မခေါ်ယူခဲ့ရင် အထောင် တိုက်စစ်နေရာမှာ




ကစားသမားသစ် မဖြစ်မနေ ဖြည့်တင်း ရပါလိမ့်မယ်၊ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရာသီ စီးရီးအေ မှာ အကောင်းဆုံး ပုံစံ ပြသနေတဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မန် ကို ခေါ်ယူ သွားချင်နေပြီး ဘင်ဖီကာ က ဂွန်ဆာဆို ရာမို့စ် အေဂျက်စ်မှ




ဘရိုင်ယန် ဘရော်ဘီ အစရှိတဲ့ တိုက်စစ် ကစားသမား တွေကိုလည်း ပစ်မှတ်ထား လို့နေပါတယ်၊ ဒါ့အပြင် လာမယ့် ရာသီမှာ နည်းပြ Erik Ten Hag က အသင်းရဲ့ လူငယ် ကစားသမား တွေထဲက ပယ်လစ်စထရီ၊ အာမတ် ဒီယဲလ်လို တို့ပါ နေရာပေးလာဖွယ် ရှိနိုင်ပါတယ်။

credit