မန်ချက်စတာ ယူနိုက်တက် ကြယ်တစ်ပွင့်က ရွိုင်ကိန်း ဝင်စားနေပြီလို့ ဆိုလိုက်တဲ့ ရှရင်ဂမ်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူး ဖြစ်သူ တယ်ရီ ရှရင်ဂမ် က ပြီးခဲ့တဲ့ နွေ ဈေးကွက်က ရီးရဲလ်မက်ဒရစ် အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာတဲ့ ကွင်းလယ်လူ ကတ်စ်မဲရိုး ဟာ ယခုအခါ မန်ချက်စတာ ယူနိုက်တက်




ဂန္တဝင် အသင်းခေါင်းဆောင် ဖြစ်သူ ရွိုင်ကိန်း နဲ့ တူတဲ့ ကစားသမားမျိုး ဖြစ်လာနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ ထုတ်ဖော် ချီးကျူး ပြေကြား သွားခဲ့ပါတယ်၊ ၃၀ အရွယ်ရှိ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမားဟာ




ရီးရဲလ်မက်ဒရစ် အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ၂၀၂၆ ခုနှစ်ထိ စာချုပ် ချုပ်ဆိုထားပြီး ဖြစ်ပါတယ်၊ ကတ်စ်မဲရိုး ဟာ ချန်ပီယံလိဂ် နဲ့




လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ် ကနေ ယူရိုပါလိဂ် ဝင်ခွင့်ပဲ ရထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာတာကြောင့် ကနဦးမှာ ဘောလုံး သုံးသပ်သူတွေ အပါအဝင် ဘောလုံးပရိသတ် အများစုက ကတ်စ်မဲရိုး ဟာ ငွေမက်လို့




မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့တာလို့ ဝေဖန်ခဲ့ ကြပေမယ့် ကတ်စ်မဲရိုး ကတော့ ပွဲတိုင်းမှာ သူ့ရဲ့ အသင်းအတွက် ရာနှုန်းပြည့်ပေးဆပ် ကစားပြီး ဝေဖန်သံတွေကို တိတ်ဆိတ် ငြိမ်သက် စေခဲ့ပါတယ်၊ ကတ်စ်မဲရိုး ဟာ ယခုနှစ် ဘောလုံး ရာသီမှာ




မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း ပွဲ ၃၀ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ ဂိုးထိ သွင်းယူ ထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု အနေနဲ့လည်း ၅ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ဝာ ဖြစ်ပါတယ်၊ ဒီလို အချိန်တို အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်




ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာခဲ့တာ ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ရှရင်ဂမ် က ကတ်စ်မဲရိုး ကို ရွိုင်ကိန်း နဲ့ ခိုင်းနှိုင်းကာ ချီးကျူးခဲ့တာ ဖြစ်ပြီး ရှရင်ဂမ် က ကတ်စ်မဲရိုး ဟာ ရိုင်ကိန်း လိုပဲ




ကစားပုံ ရိုးရှင်းပေမယ့် အသင်းဖော်တွေရဲ့ ခြေစွမ်းကို ပိုမို တိုးတက်လာအောင် ကူညီ ပေးနိုင်တဲ့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားကြောင်း ပြောပြလာပါတယ်၊ ရှရင်ဂမ် က- ကျွန်တော် ပြောချင်တာ ကတော့ ကတ်စ်မဲရိုး ဟာ ရွိုင်ကိန်း နဲ့ တူတယ် ဆိုတာပါပဲ။




မန်ချက်စတာ ယူနိုက်တက် က ပြီးခဲ့တဲ့ ၈ နှစ် လုံးလုံးမှာ ကတ်စ်မဲရိုး လို ကစားတတ်တဲ့ လူတယောက်ကို လိုအပ် နေခဲ့တာပါ၊ ခုတော့ ကတ်စ်မဲရိုး က ပွဲ တပွဲကို အနိုင်လို ချင်စိတ် ရှိသလို ပွဲရဲ့ အခြေအနေ ကိုလည်း ကောင်းကောင်း ဖတ်နိုင်တဲ့

ကွင်းလယ် ဗိုလ်ချုပ် တဦး ဖြစ်နေပါပြီ၊ သူက အသင်းဖော် တွေဆီ ကနေ ခြေစွမ်းကောင်းတွေ ထွက်လာအောင်လည်း ကူညီပေးနိုင်စွမ်း ရှိပါတယ်။ လို့ တခုတ်တရ ချီးကျူး ပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ်။

credit