လာမယ့် နွေရာသီ အတွက် အသင်းရဲ့ နံပါတစ် ပစ်မှတ် အခြေအနေ မကောင်းတာကြောင့် အခြားကြယ်တစ်ပွင့်ကို ပေါင် ၁၀၇ သန်း သုံးပြီး ခေါ်ယူဖို့ ပြောင်းလဲ ပစ်မှတ်ထားလာတဲ့ မန်ယူ

ချဲလ်ဆီး အသင်း အန်ဇို ဖာနန်ဒက်ဇ် ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး အသုံးပြုပြီး ခေါ်ယူခဲ့သလိုမျိုး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ Manchester United ဟာ ဗစ်တာ အိုဆီမန် ကို ပေါင် ၁၀၇ သန်းထိ




ပေးချေ ခေါ်ယူသွားဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်၊ နာပိုလီ တိုက်စစ်မှူးဟာ အထင်ကြီးစရာ ခြေစွမ်း ကောင်းတွေ ဆက်တိုက် ပြသခဲ့ပြီး စီးရီးအေမှာ သွင်းဂိုး ၁၆ ဂိုး နဲ့ ထိပ်တန်း ဂိုးသွင်းရှင် အဖြစ်




ရပ်တည်နေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နွေရာသီ ထိပ်တန်း ပစ်မှတ် ဖြစ်လာခဲ့တဲ့ အိုဆီမန် ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က နာပိုလီ နဲ့ စပီဇီယာ ပွဲစဉ်မှာ သွင်းဂိုး နှစ်ဂိုး သွင်းယူပြီး ‌၎င်းရဲ့ အသင်းကို

၃-၀ နဲ့ ဂိုးပြတ် နိုင်ပွဲ ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ ဒဏ်ရာ မကြာခဏ ရနေတဲ့ မာရှယ် နဲ့ ဇန်နဝါရီမှာ ခေါ်ယူထားတဲ့ အငှား တိုက်စစ်မှူး ဖြစ်သူ




ဗက်ဂ်ဟော့စ် တို့ကို အားကိုးနေရပြီး နယ်သာလန် သားကြီးဟာ နွေရာသီမှာ စူပါ တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ယခုထက် ပိုမို တိုးတက် လာရန် ကြိုးစားနေတာ ဖြစ်ပါတယ်။




La Gazzetta dello Sport ရဲ့ အဆို အရတ နာပိုလီ ဟာ ၂၄ နှစ် အရွယ် တိုက်စစ်မှူး အတွက် အနည်းဆုံး ပေါင် ၁၀၇ သန်းထိ တောင်းဆို နိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ဒီပမာဏကို မဖြစ်မနေ




ပေးချေဖို့ လိုတယ်လို့ သိရပါတယ်၊ ဒါပေမယ့် ဇန်နဝါရီမှာ ငွေသုံး ကြမ်းထားတဲ့ တော့ဒ်ဘိုလီ ရဲ့ ချဲလ်ဆီး ကလည်း နွေရာသီမှာပါ ထပ်မံ ငွေကြေး အများအပြား သုံးစွဲပြီး အိုစီမန် ကို ခေါ်ယူဖွယ် ရှိနေကြောင်း သိရပြီး




မန်ချက်စတာ ယူနိုက်တက် နဲ့ အပြိုင်အဆိုင် ရှိလာမှာ ဖြစ်ပါတယ်၊ ချဲလ်ဆီးက ဇန်နဝါရီမှာ တိုက်စစ်အတွက် ကစားသမားတွေ ခေါ်ယူထားပေမယ့် လက်ရှိ အသင်းရဲ့ နံပါတ် ၉ နေရာမှာ ကွင်းလယ် တိုက်စစ် ဖြစ်သူ ကစကိုင် ဟာဗက်ဇ် ကို အားကိုး နေရပါတယ်။




ပရီးမီးယားလိဂ် ဆုဖလား လမ်းကြောင်းမှာ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ကလည်း ဒဏ်ရာ မကြာခဏ ရတတ်သလို ဒီရာသီ အဓိက တိုက်စစ်မှူး အဖြစ် ကစားနေ ရတာတောင် ထင်သလောက် ခြေစွမ်း မပြနိုင်တဲ့ မာရှယ် ကို




နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့် ပေးသွားဖွယ် ရှိကြောင်း သတင်းတွေက ဖော်ပြခဲ့ကြသလို မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ ပွဲဦးထွက် ရာသီမှာ ခြေစွမ်း ပြသနိုင်ခဲ့ပြီး လက်ရှိ ပြည်တွင်း အမှတ်ပေး ဇယားမှာလည်း




ဒုတိယ နေရာက လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းနဲ့ ၃ မှတ် အကွာ အဆင့် ၃ နေရာမှာ ရပ်တည် နေပါတယ်၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် ရဲ့ ဂိုးသွင်းနှုန်း မှန်နေလို့သာ မန်ချက်စတာ ယူနိုက်တက် တို့ ဒီရာသီမှာ အခြေအနေ ကောင်းနေတာ ဖြစ်ပြီး

လာမယ့် နွေရာသီမှာတော့ သေချာပေါက် ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူး တစ်ဦး ခေါ်ယူရမှာပါ၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စပါး နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်း ကို ပစ်မှတ် နံပါတ်တစ် နေရာမှာ

ထားရှိ ထားပေးမယ့်လည်း ပရီးမီးယားလိဂ် ပြိုင်ဘက် ကလပ်အသင်း တွေဆီ ရောင်းချဖို့ တော့တင်ဟမ် ဟော့ စပါး က စိတ်ဝင်စားခြင်း မရှိကြောင်း သတင်း အရင်း အမြစ် များက ဆိုပါတယ်။

credit