ပေါင် သန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့ပြီး ငြင်းပယ်ခံခဲ့ရတဲ့ ပစ်မှတ်ဟောင်းကို လာမယ့် အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ထပ်မံ ကြိုးစားသွားမည့် မန်ယူ

မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ နွေရာသီက ဒက်ကလန်ရိုက်စ် ကို ပေါင်သန်း ၁၀၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်၊ အင်္ဂလန် ကွင်းလယ်ရဲ့ အဓိက နေရာ ရနေတဲ့ ရိုက်စ် ဟာ




ပရီးမိးယားလိဂ် ကွင်းလယ် နေရာမှာလည်း အကောင်းဆုံး ကစားနိုင်သူ တစ်ဦး အဖြစ် ကျယ်ကျယ် ပြန့်ပြန့် သုံးသပ်ခြင်း ခံထားရပြီး ၂၀၂၄ နွေရာသီမှာတော့ ၎င်းဟာ ဝက်စ်ဟမ်း အသင်းနဲ့ စာချုပ် သက်တမ်း




ကုန်ဆုံးရ‌ တော့မှာ ဖြစ်ပါတယ်၊ ဝက်စ်ဟမ်း အသင်းက ရိုက်စ် ကို အသင်းမှာ ဆက်ထိန်း ထားချင်ပြီး Manchester United မှ ပေါင် သန်း ၁၀၀ နဲ့ ကမ်းလှမ်း ခဲ့သော်လည်း အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူကို




ထိုထက် မက တန်ကြေးရှိတယ့်လို့ လန်ဒန် အခြေစိုက် အသင်းက ယူဆခဲ့တာ ဖြစ်ပါတယ်၊ သို့ရာမှာ ဝက်စ်ဟမ်း က ရိုက်စ် အပေါ် ထားသော သဘောထားကို လာမည့် နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းလဲဖွယ်




ရှိကြောင်း သတင်း မီဒီယာများ က ဖော်ပြခဲ့ကြပြီး သရိုက်စ် ကို ကနဦး ပြောင်းရွှေ့ကြေး အဖြစ် ပေါင် သန်း ၁၂၀ အပြင် အခြား အပိုဆုကြေးများနဲ့ ကမ်းလှမ်းလာလျှင် ဝက်စ်ဟမ်း အသင်းက လက်ခံ စဉ်းစာဖွယ်ရာ




ရှိကြောင်း ဆိုပါတယ်၊ အာဆင်နယ် နည်းပြ ဖြစ်သူ အာတီတာ ကလည်း ကွင်းလယ် နေရာ အတွက် ရိုက်စ် ကို ခေါ်ယူ လိုနေပြီး အာဆင်နယ် အုပ်ချုပ်သူ များကလည်း ရိုက်စ် ကို ခေါ်ယူရေး မီးစိမ်း ပြထားကြောင်း




၎င်းကို ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိပြီး ကစားကွက်နဲ့ အံဝင်ပြီး ခြေစွမ်းရော ကစားကွက်ပါ တိုးတက်လာမယ်လို့ အာတီတာ က ယူဆကြောင်း သတင်းများက ရေးသား ဖော်ပြခဲ့ပါတယ်။

credit