ရပ်ရှ်ဖို့ဒ်ကို ဒုက္ခပေးဖို့ ပြင်ဆင်ထားတဲ့ ကစားကွက်ကို ချပြလိုက်ပြီး ရပ်ရှ်ဖို့ဒ် ဘယ်လောက် အခက်တွေ့နေရမလဲ ထုတ်ပြောလာတဲ့ ထရစ်ပီယာ
|ကာရာဘောင် ဖလား ဗိုလ်လု ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ တွေ့သည့် အခါမှာ ရပ်ရှ်ဖို့ဒ် ကို အကောင်းဆုံး တုံ့ပြန် ကစားသွားမည် ဖြစ်ကြောင်း ၎င်းရဲ့ အင်္ဂလန် အသင်းဖော် ခံစစ်မှူး
ထရစ် ပီယာ က ပြောဆို လိုက်ပါတယ်၊ အသက် ၃၂ နှစ် အရွယ် ခံစစ်မှူး ထရစ် ပီယာ က အကောင်းဆုံး တိုက်စစ်က အကောင်းဆုံး ခံစစ် ဖြစ်ပြီး ရပ်ရှ်ဖို့ဒ် ရဲ့ တိုက်စစ်ကို ဟန့်တားရန် အတွက် ၎င်းက
တိုက်စစ်ကို အားပြု ကစားသွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်၊ အသက် ၂၅ နှစ်အရွယ် ရပ်ရှ်ဖို့ဒ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် နောက်ဆုံး ကစားသည့် လိဂ်ပွဲ
၇ ပွဲမှာ ၆ ပွဲ ဂိုးသွင်းယူ ထားနိုင်းပြီး နောက်ဆုံး ကစားတဲ့ ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ပွဲစဉ်မှာ အသင်း အတွက် အရေးပါသည့် သွင်းဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပြီး လက်ရှိ ဘောလုံး ရာသီ အတွင်း စုစုပေါင်း
ပြိုင်ပွဲစုံ ၁၉ ဂိုး သွင်းယူ ထားနိုင်ခဲ့ပါတယ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကစားရမည့် မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာ ရပ်ရှ်ဖို့ဒ် ကို တားဆီးရေးမှာ မလွယ်ကူခဲ့ သော်လည်း ၎င်း ကစားရမည့် ကစားကွက်ကို
ထရစ် ပီယာ က ယခု တည်းက ပြင်ဆင်နေပြီ ဖြစ်ပြီး မီဒီယာ များက ဖော်ပြခဲ့ကြပါတယ်၊ ထရစ် ပီယာ က- မားကပ်စ် ရပ်ရှ်ဖို့ဒ် ကို စိတ်ပူနေလို့ မရဘူး၊ သူ့ကို တိုက်စစ် ကစားစေမယ့် အစား ကျွန်တော် သူတို့ဘက်
ဖိအားပေး ကစားပြီး သူတို့ ကွင်းဘက်မှာ ဘောလုံး လိုက်ဖျက်ရင်း မားကပ်စ် ရပ်ရှ်ဖို့ဒ် ကို အလုပ် ရှုပ်နေအောင် လုပ်ရမယ်၊ သူ့ကို ဖိအား ပေးထားဖို့ကို တွေးထားဖို့ လိုအပ်ပါတယ်၊ ဒီလို လုပ်ဖို့ ခက်ပါလိမ့်မယ်။
ဒါပေမယ့် စောင့်ကြည့်ပါ အကောင်းဆုံး ကြိုးစားပြီး ကျွန်တော့် နောက်ကို မားကပ်စ် ရပ်ရှ်ဖို့ဒ် အနေနဲ့ ဘောလုံး အသည်းအသံ လိုက်လု နေရအောင်ကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
credit