ပွဲအပြီး မှာ ဆင်ခြေ မကြားချင်ကြောင်း ဆိုလိုက်ပြီး ယနေ့ည ပွဲစဉ်မှာ မဖြစ်မနေ လုပ်ရမယ့် အရာကို အဲရစ် တန်ဟက်ဂ် ထုတ်ပြော
|လက်ရှိမှာ မန်နေဂျာ လက်မဲ့ ဖြစ်နေတဲ့ လိဒ် အသင်းကို ယနေ့ည ကစားရမှာ ဖြစ်ပြီး ဒီပွဲစဥ်ကို မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အနိုင် ကစားနိုင်ရမည် ဖြစ်ပြီး ရလဒ်ကောင်း မရပါက ဆင်ခြေပေး အကြောင်းပြစရာ
ရှိမည် မဟုတ်ကြောင်း မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခရစ္စတယ် ပဲလေ့စ် ကို ၂-၁ နဲ့ အနိုင် ရရှိသည့်
ပွဲစဥ်မှာ အသင်းရဲ့ ကွင်းလယ် အဓိက ကစားသမား ကတ်စမဲရိုး ဟာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပြီး တွမ်မီနေး၊ မာစီရယ် နဲ့ အန်ထော်နီ တို့ကလည်း ဒဏ်ရာကြောင့် ယနေ့ညမှာ ပါဝင် ကစားနိုင်မှာ
မဟုတ်ကြောင်း သိရပြီး အဲရစ်ဆင် နဲ့ ဗန်ဒီဘိခ် မှာ ပြင်းထန်တဲ့ ဒဏ်ရာများကြောင့် ကာလရှည် နားနေရတာ ဖြစ်ပါတယ်၊ ဒါကြောင့် ယနေ့ည ပွဲထွက် ကစားသမား စာရင်းမှာ
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တောင့်တင်းတဲ့ လူစာရင်းကို မြင်တွေ့ရမှာ မဟုတ်ဘဲ အသက် ၅၃ နှစ်အရွယ် အဲရစ် တန်ဟက်ဂ် က ဒဏ်ရာ ပြဿနာများ ရှိနေသော်လည်း မန်ချက်စတာ ယူနိုက်တက် အနေနဲ့
အိုးလ်ထရက်ဖို့ဒ် မှာ အနိုင် သုံးမှတ် ရယူရေး အတွက် ရှိသမျှ အား အကုန်သုံးပြီး အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက် တာ ဖြစ်ပါတယ်၊ ကျွန်တော်က မန်နေဂျာ တစ်ယောက်ပါ၊ သုံးလို့ရတဲ့
ကစားသမားတွေကို အသုံးပြုပြီး အကောင်းဆုံး ဖန်တီးနိုင်ဖို့ ကျွန်တော့်မှာ တာဝန် အပြည့် ရှိပါတယ်၊ ပထမ ၁၁ ယောက် စာရင်းမှာ မပါဝင်ပေမယ့် သိပ်ကောင်းတဲ့ ကစားသမားတွေ အသင်းမှာ ရှိပြီးသားပါ။
သူတို့ အခွင့်အရေး တစ်ခု ရသွားတယ်လို့ ဆိုနိုင်ပါတယ်၊ ကတ်စမဲရိုး မပါဘူး၊ မာစီရယ် မပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ဒီပွဲကိုတော့ အနိုင်ရအောင် ကစားရ ပါလိမ့်မယ်၊ မန်ချက်စတာ ယူနိုက်တက် မှာ ရှိတဲ့
ကစားသမား တိုင်းက စွမ်းဆောင်ရည် ကိုယ်စီ ရှိကြပါတယ်၊ ဒါကြောင့် ဘယ်သူပဲ ကွင်းထဲ ဝင်လာသည် ဖြစ်ပါစေ သူတို့ အနေနဲ့ အနိုင် ကစားကို ကစားရမယ်။ လို့ အဲရစ် တန်ဟက်ဂ် က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
credit