မန်စီးတီး ကြုံတွေ့နေရတဲ့ ပြသနာတွေ အပေါ် သူ့ရဲ့ အမြင်ကို ဖြေကြားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် Erik Ten Hag
|မန်ချက်စတာ ယူနိုက်တက် မြို့ခံပြိုင်ဘက် မန်စီးတီး အသင်း ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး စည်းမျဉ်းဆိုင်ရာ သတ်မှတ်ချက်တွေ မလိုက်နာခဲ့ကြောင်း စွဲချက် တင်ထားမှုတွေ အပေါ် မန်ချက်စတာ ယူနိုက်တက် နည်းပြ
အဲရစ် တန်ဟက်ဂ် က လိဒ် ယူနိုက်တက် အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီ မီဒီယာ တွေရဲ့ မေးမြန်းမှုကို မှတ်ချက်ပြုရန် ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်း အနေနဲ့
အင်အားကြီး အသင်း တစ်သင်း ဖြစ်လာရန် ၂၀၀၉ ခုနှစ် ကနေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်း ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချူပ်ဘက်မှ ချမှတ်ထားတဲ့ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း မလိုက်နာမှုပေါင်း ရာနဲချီပြီး ပြလုပ်ခဲ့ ကြောင်းကို စုံစမ်းမှုတွေ အရ
ထွက်ပေါ်လာပြီး စွဲချက် တင်ထားခြင်း ခံနေရတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေ ချိုးဖောက်ခဲ့ မှူကြောင့် အမှီအခို ကင်းလွတ်တဲ့ တရားစီစစ်ရေး အဖွဲ့အစည်း ကနေ မန်စီးတီး အသင်းရဲ့
လုပ်ဆောင်ချက် တွေအပေါ် ကြားနား စစ်ဆေးသွားမှာ ဖြစ်ပြီး ငွေဒဏ်၊ ရမှတ် နှုတ်ယူခြင်း၊ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်း စတဲ့ ပြစ်ဒဏ်တွေကို ချမှတ်နိုင်ခြေ ရှိနေတာလည်း ဖြစ်ပါတယ်။ တွဲဖက် ထွက်ပေါ်လာတဲ့ သတင်းတွေ အရ
မန်စီးတီး အသင်း အနေနဲ့ အမှတ်ပေး ချန်ပီယံ ဆုတွေကိုပါ စွန့်လွှတ်ရ နိုင်ခြေ ရှိပြီး အဆိုပါ ပြစ်ဒဏ်သာ ချမှတ်ခဲ့ပါက မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ နည်းပြ မော်ရင်ဟို တာဝန်ယူစဉ် ၂၀၁၇ / ၁၈ ဘောလုံး ရာသီတွင် ဒုတိယ ရထား ခဲ့တာကြောင့်
ဆုဖလား သိမ်းခန်း အတွင်း အခြား အမှတ်ပေး ဆုဖလား ထပ်မံ သိမ်းဆည်းခွင့် ရနိုင်တာလည်း ဖြစ်ပါတယ်၊ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နည်းပြ အဲရစ် တန်ဟက်ဂ် က- ဒါက သက်ဆိုင်ရာ တာဝန် ရှိသူတွေ
လုပ်ဆောင် သွားရမယ့် ကိစ္စပါ။ မန်စီးတီး၊ လီဗာပူး တို့တွေက အင်္ဂလန် နိုင်ငံမှာ ဆိုရင် ကျွန်တော်တို့ အတွက် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းတွေ ဖြစ်ကြတာ မှန်ပေမဲ့ ဒီကိစ္စ အပေါ် မှတ်ချက် ပေးလိုခြင်း မရှိပါဘူး။
သက်ဆိုင်ရာ သူတွေ လုပ်ဆောင် ကြပါလိမ့်မယ်။ အခု အချိန်မှာ ကျွန်တော်တို့ အသင်း ရဲ့ ယုံကြည်မှု အပိုင်းက ကောင်းမွန်မှု ရှိနေသလို ကစားသမားတွေ အနေနဲ့လည်း အကောင်းဆုံး ကြိုးစား ကစားရင်း ရှေ့လာမယ့်
ပွဲစဉ်တွေကို ယှဉ်ပြိုင်ဖို့ အသင့်ဖြစ် နေကြပါပြီ။ လို့ လိဒ် ယူနိုက်တက် နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၈ လက်ကျန် ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
credit