ဆာဗစ်ဇာ ကို ဒုတိယအကြိမ် ပွဲထုတ်ဖို့ ပြင်ဆင်နေပြီး ၎င်းဆီက မြင်တွေ့ရမယ့် အရာတွေကို ထုတ်ပြောလာတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ ကွင််းလယ်လူ ကတ်စမဲရိုး သုံးပွဲ ကစားခွင့် ပယ်ထားခံ ရချိန်မှာ ကစားသမားသစ် မာဆယ် ဆာဗစ်ဇာ ဟာ အသင်းအတွက် ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခုမှာ ပါဝင်နိုင် လိမ့်မယ်လို့ ဟောကိန်း ထုတ်ခဲ့ပါတယ်။




မကြာသေးခင်က ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့ နောက််ဆုံး ရက်စွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက််လာတဲ့ မာဆယ် ဆာဗစ်ဇာ ဟာ စနေ​နေ့က ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ကစားခဲ့ကြတဲ့ ပွဲစဥ်မှာ ပထမဆုံး အကြိမ် ကစားခွင့် ရရှိခဲ့ပါတယ်။




အဆိုပါ ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ အားထားရတဲ့ ကွင်းလယ်လူ ကတ်စမဲရိုးဟာ ပွဲချိန် 70 မိနစ်မှာ တိုက်ရိုက် အနီကဒ် ပြသခံခဲ့ ရတာကြောင့် ဆာဗစ်ဇာ ဟာ ပွဲချိန် 81 မိနစ်မှာ လူစားဝင် ကစားခွင့် ရရှိခဲ့ပြီး အသင်းကို အကူအညီ ပေးခဲ့ ဖြစ်ပါတယ်။




ယခုတော့ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်မှာ ပုံစံကောင်းတွေ ပြသခဲ့တဲ့ အဲရစ်ဆင် ဒဏ်ရာရပြီး ကတ်စမဲရိုး ပွဲပယ် ခံရချိန်မှာ တွမ်မီနေး ပါ ကြံ့ခိုင်မှု မပြည့်ဝ တာကြောင့် ဆာဗစ်ဇာ ဟာ ပွဲစဥ်တွေ ဆက်တိုက် ကစားခွင့် ရရှိဖို့ ရှိနေပါတယ်။




တကယ်တော့ ဆာဗစ်ဇာ ဟာ ဒီရာသီ ဘိုင်ယန် မြူးနစ် အသင်းအတွက် ဘွန်ဒက်စ် လီဂါ ပြိုင်ပွဲမှာ 7 ကြိမ်သာ ပွဲထွက် ကစားပေးခွင့် ရရှိထားခဲ့ တာပါ၊ ဒါပေမဲ့ အဲရစ် တန်ဟက်ဂ် က ကစားသမားအပေါ် ယုံကြည်ချက် အပြည့် ရှိကြောင်း ပြောဆိုလိုက်ပါတယ်။




သူ့ဆီမှာ ကောင်းမွန်တဲ့ Profile တစ်ခု ရှိနေပါတယ်၊ သူဟာ အသင်းကောင်းတွေမှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေ ပိုင်ဆိုင်ထား ခဲ့တယ်၊ အဆင့်မြင့် ပွဲစဥ်တွေမှာလည်း ပုံစံကောင်း ပြသထား နိုင်ခဲ့ဖူးပါ သေးတယ်။




သူက winner တစ်ဦးပါ၊ သူ့ရဲ့ ကာရိုက်တာ အပေါ် ကျွန်တော်တို့ ယုံပါတယ်၊ သူဟာ အောင်မြင်တဲ့ လမ််းကြောင်းပေါ် လျှောက်လှမ်း နိုင်သူပါပဲ၊ သူ ကစားပေးခဲ့တဲ့ မိနစ် 20 လောက် အတွင်းမှာ ကျွန်တော်တို့ အဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။




နောက်ထပ် မြင်တွေ့စရာ အရည်အသွေးတွေလည်း ရှိနေ ပါသေးတယ်၊ ဒီအတွက် သူဟာ အခွင့်အရေး တွေကိုလည်း ပိုင်ဆိုင်ဦးမှာပါ၊ သူ အဲ့တာတွေကို လုပ်ပြနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံပါတယ်။ လို့ အဲရစ် တန်ဟက်ဂ် က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit