မန်ချက်စတာ ယူနိုက်တက် 2-2 လိဒ်စ် ယူနိုက်တက် ပွဲမှာ မန်ယူ ကစားသမား နှစ်ဦး အနေနဲ့ ရှက်သင့်ကြောင်း မိုက်ကယ် အိုဝင် ထုတ်ပြော
|မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့ နံနက် အစောပိုင်း အိုးလ်ထရက်ဖို့ဒ်မှာ လိဒ်စ် ယူနိုက်တက် အသင်းနဲ့ ကစားခဲ့ရပြီး ဒီ ပရီးမီးယားလိဂ် ပွဲစဥ်မှာတော့ 2-2 နဲ့ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဦးဆောင်ဂိုး 2 ဂိုး အရင် ခွင့်ပြုပြီးမှ နောက်မှ ချေပဂိုး လိုက်သွင်းခဲ့ ရတာ ဖြစ်ပါတယ်။ လိဒ်စ် ယူနိုက်တက် နဲ့ ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းသား နှစ်ဦးကတော့
မိုက်မဲတဲ့ ကစားပုံကို ပြုလုပ်ခဲ့တယ်လို့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင် က ထောက်ပြ ပြစ်တင် သွားခဲ့ပါတယ်၊ လိဒ်စ် ယယနိုက်တက် အသင်းဟာ တတိယဂိုး သွင်းနိုင်လု နီးပါး
ဖြစ်ခဲ့ပြီး ဒုတိယပိုင်း အစမှာ အာရွန်ဆန် ရဲ့ ဖရီးကစ်က တိုင်ထိသွားလို့သာ မန်ချက်စတာ ယူနိုက်တက် အသင်း သက်သာခဲ့ ရတာ ဖြစ်ပါတယ်၊ ဒီ ဖရီးကစ်ကို ခံစစ်တံတိုင်း ကာကွယ်ရမှာ ဖြစ်သလို နေရာယူခဲ့တဲ့
ဗာရန်း နဲ့ ရပ်ရှ်ဖို့ဒ် ကို အိုဝင် က ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။ အိုဝင် က- ကျနော်ဖြင့် မယုံနိုင်အောင် ပါပဲ၊ သူတို့ wall ကာတာတဲ့ဗျာ၊ သူတို့ လူခွဲလိုက်တာကို ပြန်ကြည့် ကြပါဦး၊ ဗာရန်း နဲ့ ရပ်ရ်ှဖို့ဒ် လူခွဲသွားတာကို
ကြည့်လိုက်ဦး၊ ဘောလုံးက အနိမ့်ပဲ သူတို့ကြားကနေ ဖြတ်သွားတာနော်၊ wall ကို ကျော်သွားတာ မဟုတ်ဘူး၊ အဲဒီ ဂိုးသာ ဝင်သွားလို့ ကတော့ သူတို့ အသည်းအသန် ပြေးလွှားပြဦးမယ်၊ ဒါ တကယ်ကို ပြစ်မှုကြီးကို
ကျူးလွန် လိုက်တာပါ။ တကယ် ပြစ်မှု ကျူးလွန်သူတွေပါ၊ ကျနော် ပြောတာ အခြေအနေ အသည်းအသန် ဖြစ်နေရင် သေချာ လုပ်ရမယ်လေ၊ ဒါမျိုး လုပ်လို့ မရဘူး၊ wall ကာတယ် ဆိုတာက ရဲရဲရင့်ရင့် နဲ့ ရှေ့ကနေ
ကာဆီး ထားရမှာ၊ သူတို့ လုပ်သွားတဲ့ အချိုးမျိုး လုံးဝ လုပ်လို့ မရပါဘူး၊ အခု သူတို့ ကံကောင်းလို့ အပြစ်တင် ခံရမှာကနေ လွတ်သွားခဲ့တာ၊ ဒါကို သေချာ ပြန်ကြည့်ပြီး ဟာ! ဒါကြီးက ရှက်စရာ ကြီးကွာ
ဒါမျိုး ငါတို့ ဘယ်တော့မှ လုပ်လို့ မရဘူး၊ လို့ တွေးတော နေသင့်တယ်။ လို့ မိုက်ကယ် အိုဝင် က မန်ချက်စတာ ယူနိုက်တက် ကြယ်နှစ်ပွင့်ကို ဝေဖန် ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
credit