အိမ်ကွင်း နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် 2-2 လိစ်ဒ် ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ
|မန်ချက်စတာ ယူနိုက်တက် ဟာ ယနေ့ နံနက် အစောမှာ အိုးလ်ထရက်ဖို့ဒ်မှာ လိဒ်စ် ယူနိုက်တက် နဲ့ ကစားခဲ့ပြီး 2- 2 ရလဒ်နဲ့ အိမ်ကွင်း 13 ပွဲဆက် အနိုင် မှတ်တမ်းကောင်း ရပ်တန့်သွား ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ ပြိုင်ဘက် အသင်းရဲ့ တိုက်စစ်ဆင်မှုကို ဖြတ်တောက်နိုင်စွမ်း ကင်းမဲ့ခဲ့ပြီး ပွဲချိန် တစ်မိနစ်ခွဲ မှာပဲ အဖွင့်ဂိုး ပေးခဲ့ရကာ အခွင့်ရေး ကောင်းတွေ၊ ဂိုးကန်ခွင့်တွေ ရရှိခဲ့ပေမယ့်
အဆုံးသတ် စွမ်းရည် ညံ့ခဲ့ကြပြီး ခြေပဂိုး ရဖို့ ရုန်းကန်ခဲ့ရပါတယ်၊ ဒုတိယပိုင်း အစမှာတော့ ဗာရန်း ရဲ့ ထိချက် ညံ့ဖျင်းမှုက တဆင့် ဧည့်သည်အသင်း နောက်ထပ်် ဦးဆောင်ခွင့် ရရှိခဲ့ ပြန်ပါတယ်၊ ဒါပေမယ့် ဆန်ချို ဝင်လာတဲ့နောက် မန်လချက်စတာ ယူနိုက်တက်
တိုက််စစ်ဆင် ကစားပုံ ကောင်းမွန်ခဲ့ရပြီး ပွဲချိန် 62 နဲ့ 70 မိနစ်တွေမှာ ရပ်ရှ်ဖို့ဒ် နဲ့ ဆန်ချို ရဲ့ သွင်းဂိုးကြောင့်သာ က သရေ တစ်မှတ် ရရှိစေခဲ့တာပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကစားသမား အချို့ ညံ့ခဲ့သလို ပြိုင်ဘက် ဂိုးသမား ကောင်းခဲ့တဲ့ ပွဲမှာ
ဒီဂီယာ 5 ဂျွန်တို ရဲ့ ကန်ချက် ဗာရန်း ရဲ့ Own goal နဲ့ တိုင်ထိတဲ့ အလုံးတွေမှာ နေရာယူပုံ ညံ့ခဲ့ပြီး ဂိုးပေါက် ကာကွယ်မှု အချို့တော့ လုပ်ပြနိုင်ခဲ့ပါတယ်။
ဒါလော့ 6 အသင်းတွက် ပြန်လည် ပါဝင်ခဲ့ပြီး လူထပ် ကစားတာ ကောင်းမွန်ခဲ့ပါတယ်၊ ရပ်ရှ်ဖို့ အတွက် ဂိုးဖန်တီး ပေးနိုင်ခဲ့တာက လွဲရင် အခြား အကျိုးထူး မပေးနိုင်ခဲ့ပါဘူး။
ဗာရန်း 5 မေ့ပျောက်ချင်စရာ ပွဲ တစ်ပွဲကို ပိုင်ဆိုင်ခဲ့ ရပါတယ်၊ လိဒ်စ် ရဲ့ တိုက်စစ်ဆင်မှု အောက်မှာ ရုန်းကန် ခဲ့ရပြီး own goal ပေးခဲ့ရပါတယ်၊ ဂိုး သွင်းယူ ပေးဖို့ နီးစပ်ခဲ့ ပါသေးတယ်။
မာတီနက်ဇ် 7 လိဒ်စ် ရဲ့ အရှိန်မြင့်တဲ့ တိုက်စစ်ကို အံတု နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ခံစစ် ကစားသမား ဖြစ်ပါတယ်၊ အဖွင့်ဂိုးမှာ ပိတ်ဆို့မှုပိုင်း အားနည်းခဲ့တာက လွဲရင် တည်ငြိမ်စွာ ကစားပေးခဲ့ပါတယ်။
ရှော 6 ဂါနာချို နဲ့ ချိတ်ဆက် ကစားဖို့ အခက်တွေ့ ခဲ့ပါတယ်၊ ဆန်ချို ရောက်လာချိန်မှာ ပိုကောင်းခဲ့ပြီး ခြေပဂိုး ရရှိရေးမှာ ပါဝင် ပတ်သက်ခဲ့ပါတယ်။
ဆာဗစ်ဇာ 7 ပွဲရှိန် ပြင်းထန်မှုမှာ အံဝင်ဖို့ အချိန် ပေးခဲ့ရပါတယ်၊ တခါတလေ လေးလံနေခဲ့ပေမဲ့ တိုက်စစ်မှာ အသက်ဝင်ခဲ့ပြီး အဝေးကန်ချက်တွေနဲ့ ခြိမ်းခြောက်မှု ပြုလုပ် နိုင်ခဲ့ပါတယ်။
ဖရက်ဒ် 3 အဖွင့်ဂိုးမှာ ပြိုင်ဘက်ကို ဖိအားပေး နိုင်ခြင်း မရှိခဲ့သလို ပြိုင်ဘက် ကွင်းလယ်ကိုလည်း မယှဥ်နိုင် ခဲ့ပါဘူး၊ ပေးပို့်မှုတွေ လွဲချော်ခဲ့ပြီး အခွင့်အရေးတွေကို အသုံးမချ နိုင်ခဲ့ပါဘူး။
ဂါနာချို 4 ဖရက်ဒ် နည်းတူ ညံ့ခဲ့တာက ဂါနာချို ဖြစ်နေခဲ့ပါတယ်၊ ပြိုင်ဘက် ခံစစ််ကို ထိုးဖောက်ဖို့ အခက်ကြုံ ခဲ့ရသလို အခွင့်အရေး တွေကိုလည်း အသုံးမချ နိုင်ခဲ့ပါဘူး၊ ဂိုးသမားကို ကျော်ဖြတ်နိုင် ခဲ့ပေမယ့် ဂိုးမရခဲ့ တာက စိတ်ပျက်ဖွယ် ဖြစ်ခဲ့ပါတယ်။
ဘရူနို 5 သူ့ဆီက ဘောလုံး အလုခံခဲ့ရပြီး အဖွင့်ဂိုး ပေးခဲ့ရပါတယ်၊ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် out of position ဖြစ်တာ များခဲ့ပြီး အလွတ် တည်ကန််ဘော တွေမှာလည်း အလျှင်လို နေခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ် 7 ပထမပိုင်း ညာတောင်ပံမှာ ကစားချိန် ပုံစံကောင်း ပြဖို့ ရုန်းကန်ခဲ့ရပြီး ဒါလော့ ရဲ့ ဖြတ်တင် ပေးပို့မှုကို ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်၊ ဒုတိယပိုင်းမှာ ပိုကောင်းပြ နိုင်ခဲ့ပါတယ်။
ဝဂ်ဟော့စ် 3 အသင်းဖော်တွေနဲ့ အချိတ်အဆက် မိဖို့ ရုန်းကန်ခဲ့ရပါတယ်၊ လုံလောက်တဲ့ ပံ့ပိုးမှု မရခဲ့နာကြောင့် အကျိုးပြု နိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ်၊ လူစားဝင် ကစားသမားများ ပယ်လီစထရီ 7၊ ဆန်ချို 7၊ မာလာစီယာ 5၊ လင်ဒီလော့ဖ် 5၊ တို့ပဲ ဖြစ်ပါတယ်။
credit