အလုပ်ကြိုးစားဖို့ လိုသေးပေမယ့် မှော်ဆန်သူ ဖြစ်ကြာင်း ကြယ်တစ်ပွင့်ကို မှတ်ချက်ပေးလာတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ် က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၂ လိဒ် ယူနိုက်တက် ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့




ချေပဂိုးကို သွင်းယူ ပေးခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဆန်ချို ကို မှော်ဆန်တဲ့ ကစားသမားလို့ ပွဲ အပြီးမှာ ချီးကျူး သွားခဲ့ပါတယ်၊ နှင်းဆီဒါဘီ အဖြစ် လူသိများတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ လိဒ် ယူနိုက်တက် တို့ရဲ့ ဒါဘီ ပွဲကို




မန်ချက်စတာ ယူနိုက်တက် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါ ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ပွဲပယ် ခံထားရတဲ့ ကတ်စ်မဲရိုး နဲ့ နေမကောင်းတဲ့ အန်တိုနီ တို့က လွဲရင်




အဓိက ကစားသမား အစုံအလင် ပွဲထွက် လူစာရင်းထဲမှာ ထည့်သွင်း ခဲ့ပါတယ်၊ ဒါပေမယ့် ဧည့်သည် လိဒ် ယူနိုက်တက် က ပထမပိုင်း ပွဲ ကစားချိန် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် ထက် ကစားပုံ ပိုကောင်းခဲ့ သလို




ပွဲချိန် ၁ မိနစ်နဲ့ ပွဲချိန် ၄၈ မိနစ် တို့မှာ ၂ဂိုး ဆက်တိုက် သွင်းယူကာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲကို ဦးဆောင် ကစား နိုင်ခဲ့ပါတယ်၊ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်နေ တဲ့နောက် အဲရစ် တန်ဟက်ဂ် က ဆန်ချို နဲ့ ပယ်လစ္စထရီ တို့ နှစ်ဦးကို




ဗက်ဟော့စ် နဲ့ ဂါနာချို တို့ရဲ့ နေရာကို ထည့်သွင်းကာ ကစားပုံ ပြောင်းလဲခဲ့ပြီး အဲရစ် တန်ဟက်ဂ် ရဲ့ ကစားပုံ အပြောင်းအလဲဟာ အလုပ် ဖြစ်ခဲ့ပြီး ပွဲချိန် ၆၂ မိနစ်နဲ့ ၇၁ မိနစ်တို့မှာ ရပ်ရှ်ဖို့ဒ် နဲ့ ဆန်ချို က မန်ချက်စတာ ယူနိုက်တက် အတွက်

အဖိုးတန် ချေပဂိုးတွေ သွင်းယူ ပေးခဲ့ပါတယ်။ ပွဲ ပြီးဆုံးချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က လိဒ် ယူနိုက်တက် ကို အနိုင်မရခဲ့လို့ ဒေါသ ထွက်မိပေမယ့် သူ့ရဲ့ နည်းစနစ် ပြောင်းလဲမှု အလုပ်ဖြစ်ခဲ့တာနဲ့




ဆန်ချို တယောက် သွင်းဂိုး ပြန်သွင်းနိုင်ခဲ့မှု အတွက် ကျေနပ်မိကြောင်း ပြောဆိုလိုက်ပါတယ်။ ကျွန်တော် ဂျေဒန် ဆန်ချို ကို ထည့်သွင်း ကစားခဲ့တာက ကစားကွက် အပြောင်းအလဲ လုပ်ချင်လို့ပါ၊ အဲ့ဒီ အချိန်မှာ ကျွန်တော်တို့ရဲ့ မူလ ကစားပုံက အလုပ် မဖြစ်နေပါဘူး၊ ကံကောင်းစွာနဲ့




ကစားကွက် ပြောင်းလဲမှုက အလုပ်ဖြစ်ခဲ့ပြီး ကျွန်တော်တို့လည်း ချေပဂိုး ၂ ဂိုး ရရှိခဲ့ပါတယ်၊ ဆန်ချို အတွက်လည်း အတော်လေး ပျော်ရပါတယ်၊ ဆန်ချို က သူ့ရဲ့ ခြေစွမ်းကောင်းတွေ ပြန်ရအောင် ကြိုးစားနေဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။




ကျွန်တော် တို့က သူဟာ မှော်ဆန်တဲ့ ကစားသမား ဆိုတာ သိထားကြတယ်၊ ကျွန်တော်ကတော့ သူဟာ ကျွန်တော်တို့ အသင်း အတွက် အားကိုးရမယ့် ကစားသမား တဦး ဖြစ်လာ လိမ့်မယ်လို့ တွေးထားတယ်၊ ဒါပေမယ့် သူက အလုပ်ကြိုးစားဖို့တော့ လိုသေးတယ်။ လို့ ထုတ်ဖော် ပြောကြားသွား ခဲ့တာပါ။

credit