လိဒ် နဲ့ ပွဲမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အပေါ် သုံးသပ် ထုတ်ပြန်လာတဲ့ တန်ဟက်ဂ်

ပရီးမီးယားလိဂ် ပွဲစဉ် ၈ လက်ကျန် ပွဲစဉ် တစ်ခု အဖြစ် နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ ဦးဆောင်မှုနဲ့ အတူ ပုံစံကောင်း စတင် ရရှိလာတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လိဒ် ယူနိုက်တက် အသင်းနဲ့




ယှဉ်ပြိုင် ကစားခဲ့ရာ ၂-၂ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး ဦးဆောင် ဂိုး ခွင့်ပြုခဲ့ရတဲ့ အပေါ် ပွဲထွက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အားနည်းခဲ့ပြီး အဲရစ် တန်ဟက်ဂ် က ကစားပုံ ကောင်းရန် လိုအပ်ချက် ရှိနေဆဲ




ဖြစ်ကြောင်း ဖွင့်ဟ ပြာဆိုလိုက်တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လိဒ် ယူနိုက်တက် အသင်းနဲ့ ၂-၂ နဲ့ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်မှာ လိဒ် ယူနိုက်တက် အသင်းရဲ့ ဦးဆောင်ဂိုး နှစ်ဂိုးကို




ခွင့်ပြုခဲ့ရ အပြီးမှာ ပွဲ ကစားချိန် ၆၂ မိနစ်မှာ ဒါလော့ ရဲ့ ဖန်တီးမှုမှ တစ်ဆင့် ရပ်ရှ်ရှ်ဖို့ဒ် က ခေါင်းတိုက်ပြီး ပထမ ချေပဂိုး သွင်းယူ ပေးနိုင်ခဲ့သလို ပွဲကစားချိန် မိနစ် ၇၀ အရောက်မှာ လူစားဝင် ကစားသမား




ဂျေဒန် ဆန်ချို ကလည်း အရေးပါတဲ့ ဒုတိယ ချေပ ဂိုးကို သွင်းယူ ပေးလိုက်နိုင်တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လိဒ် ယူနိုက်တက် အသင်း တို့ဟာ လာမယ့် တနင်္ဂနွေနေ့ ညမှာ ပရီးမီးယားလိဂ်




ပွဲစဉ် ၂၃ အဖြစ် မြောက်ပိုင်း ဒါဘီ ပွဲစဉ်ကို ဆက်လက် ယှဉ်ပြိုင် ကစားသွားကြာရမှာ ဖြစ်ပြီး၊ ကစားသမား တွေရဲ့ စွမ်းဆောင်ရည် ပိုင်းနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ် တန်ဟက်ဂ် က- ဒါဘီ ပွဲစဉ် တစ်ပွဲ လိုမျိုး




အကြိတ်အနယ် သေချာ ကစားရမယ့် ပွဲစဉ်မှာ ဒီနေ့ ကစားပုံက လက်မခံချင် စရာပါပဲ၊ လိဒ် နဲ့ ကစားရမယ့် ပွဲစဉ် အတွက် အသင့်ဖြစ် နေရန် လိုပေမယ့် ကွင်း အတွင်းမှာ အဆင့်သင့် မဖြစ်ခဲ့ကြတာ တွေ့ရတယ်။




သူတို့ အသင်းရဲ့ ကစားပုံက တစ်ဦးချင်း အသာ ရယူပြီး အတက်အဆင်း မြန်မြန်နဲ့ ကစားသွားခဲ့တယ်၊ ပထမပိုင်း အပြီး အဝတ်လဲခန်း အတွင်းမှာ ကိုယ့်လူတို့ ပထမပိုင်းမှာ ကစားပုံ မကောင်းခဲ့ကြပေမယ့်

ဒုတိယပိုင်း သေချာ ကစားဖို့ မှာခဲ့ပါတယ်၊ ဒါပေမယ့် ဂိုးထပ်မံ ခွင့်ပြုခဲ့ရပြီး ပထမပိုင်းရော ဒုတိယပိုင်းမှာပါ စစချင်း မိနစ်တွေမှာ အထနှေးတဲ့ ကစားဟန် ရှိနေခဲ့တယ်။ လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit