အသင်းဖော် တစ်ဦးကို ယုံကြည်ပေးဖို့ တောင်းဆိုလိုက်ပြီး တနေ့မှာ ကမ္ဘာ့ အကောင်းဆုံးထဲက တဦး ဖြစ်လာမယ်လို့ အသိပေးသွားတဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် 8 လက်ကျန် ပွဲမှာ လိဒ် ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး 2-2 သရေ ရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။ အရေးပါတဲ့ ချေပဂိုးကိုတော့ အသင်းရဲ့




ပွဲစဉ်တွေမှာ ကာလရှည် လွဲချော်ခဲရတဲ့ ဂျေဒန် ဆန်ချို က တစ်ဂိုး သွင်းယူ ပေးခဲ့တဲ့ အတွက် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ နေရတဲ့ ဘရူနို ဖာနန်ဒက်စ် က ချီးကျူး စကား ဆိုလိုက်တာ ဖြစ်ပါတယ်။




နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဒဏ်ရာရ ကစားသမား အချို့ ရှိနေသည့်တိုင် ကမ္ဘာ့ဖလား အပြီး ကစားထားတဲ့ ပွဲစဉ် တွေမှာ ပုံစံကောင်း ပြသထားပြီး ပရီးမီးယားလိဂ် ပွဲစဉ်




7 ပွဲ ကစား အပြီးမှာ 5 ပွဲထိ အနိုင်ရ ထားသလို ကာရာဘောင် ဖလား ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲနဲ့ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာပါ ပဉ္စမ အဆင့်ကို တက်လှမ်းထားနိုင် ခဲ့တာ ဖြစ်ပြီး လိဒ် ယူနိုက်တက် အသင်းကို




အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံ ကစားရတဲ့ ပွဲစဉ်မှာတော့ ရမှတ်ပြည့် ရယူဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီပွဲစဉ်ကို သရေ ရလဒ်သာ ကစားနိုင်ခဲ့ တာကြောင့် အမှတ်ပေး ဇယား




အဆင့် 2 နေရာက မန်စီးတီး နဲ့ ရမှတ်တူ အနေအထားကို ရောက်ရှိနိုင်တဲ့ အခြအနေကို လွဲချော် ခဲ့ရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ လိဒ် ယူနိုက်တက် ကို ဦးဆောင်ဂိုး 2 ဂိုးကို ခွင့်ပြုခဲ့ရ အပြီးမှာ ပွဲ ကစားချိန်




62 မိနစ်မှာ ဒါလော့ ရဲ့ ဖန်တီးမှုက တစ်ဆင့် ရပ်ရှ်ဖို့ဒ် က ခေါင်းတိုက်ပြီး ပထမ ချေပဂိုး သွင်းယူပေး နိုင်ခဲ့ပြီး ပွဲ ကစားချိန် မိနစ် 70 မှာလည်း ဂျေဒန် ဆန်ချို က အရေးပါတဲ့ ဒုတိယ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

ဂျေဒန် ဆန်ချို ရဲ့ ဒုတိယ ချေပဂိုးနဲ့ ပတ်သက်ပြီး ဘရူနို ဖာနန်ဒက်စ် ကျွန်တော်တို့ အသင်း အတွက် တက်နိုင်သမျှ ကစားသမား အားလုံး ဒဏ်ရာ ကင်းနေ စေချင်တယ်၊ ဂျေဒန် က ဒီနေ့ပွဲမှာ ကစားချိန် အနည်းငယ်သာ




ရရှိခဲ့တာပါ၊ ဒါပေမယ့် အရေးပါတဲ့ သွင်းဂိုးကို ရယူပေးနိုင် ခဲ့ပါတယ်၊ ဂျေဒန် က အနာဂတ်မှာ ပိုကောင်းတဲ့ ပုံစံ ရလာမှာပါ၊ သူ စူပါ ဖြစ်လာပါလိမ့်မယ်၊ သူ့ကို ယုံကြည်မှု ပေးဖို့သာ လိုပါတယ်။ တနေ့မှာ

သူဟာ ကမ္ဘာ့ အကောင်းဆုံးထဲက တဦး ဖြစ်လာမှာ သေချာပါတယ်။ အိမ်ကွင်းမှာ သရေ တစ်မှတ်သာ ရရှိခဲ့တာ ကတော့ ခံရခက်ပါတယ်၊ ဒီနေ့မှာ ပွဲမပြီး မချင်း တစ်ခဲနက် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူး တင်ရမှာပါ။ လို့ ပြောဆို ခဲ့တာပဲ ဖြစ်ပါတယ်။

credit