မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ကို ဝေဖန်ခဲ့မိတာ မှားယွန်းခဲ့ကြောင်း အခုလို အခြေအနေတခုမှာ ရှိလာမယ်လို့ မထင်ခဲ့ကြောင်း ဝန်ခံ ပြောဆိုလာတဲ့ ဂျေမီ ကာရေဂါ
|လီဗာပူး ဂန္တဝင် ကစားသမားဟောင်း ဖြစ်ပြီး လက်ရှိမှာ ဘောလုံး သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဂျေမီ ကာရေဂါ က ယခုနှစ် ဘောလုံးရာသီ အစက အေဂျက်စ် ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းကို
ပြောင်းရွှေ့ခဲ့တဲ့ ဗဟို နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို အင်္ဂလန် မြေမှာ ရုန်းကန်ရလိမ့်မယ်လို့ ဝေဖန်ခဲ့ပေမယ့် သူဟာ အင်္ဂလန် မြေမှာ ခြေစွမ်းကောင်းတွေ ပြသ နေတာကြောင့် ဝေဖန်ခဲ့မှုနဲ့ ထင်မြင်ချက်တွေဟာ
မှားယွင်းခဲ့တယ်လို့ ဝန်ခံ စကားဆိုခဲ့ပါတယ်၊ အသက် ၂၅ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက်က အေဂျက်စ် ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ကြေး
ယူရို ၅၇ သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ၂၀၂၈ ခုနှစ်ထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ ဖြစ်ပါတယ်၊ မာတီနက်ဇ် ဟာ ဘောလုံး ပေးပို့နိုင်စွမ်း မြင့်မားလွန်းတဲ့
ဗဟို နောက်ခံလူ တဦး ဖြစ်ပြီး ဘောလုံး ရှင်းထုတ်မှု အပိုင်းမှာလည်း သူမတူအောင် ထူးချွန်သူ ဖြစ်ပါတယ်၊ သို့သော် အရပ်အမောင်း ၅ ပေ ၉ လက်မ သာ ရှိတာကြောင့် ဂျေမီ ကာရေဂါ အပါအဝင် ဘောလုံးရေးရာ
ကျွမ်းကျင်သူ တချို့ဟာ လီဆန်ဒရို မာတီနက်ဇ် ဟာ ပရီးမီးယားလိဂ် လို ကြံ့ခိုင်မှု အသားပေး ကစားတတ်တဲ့ လိဂ် တခုမှာ ဗဟိုခံစစ်မှူး အဖြစ်နဲ့ မအောင်မြင်နိုင်ဘူး လို့ သုံးသပ် ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်၊ ဒါပေမယ့်
လီဆန်ဒရို မာတီနက်ဇ် ဟာ အခု သူ့အပေါ် ဝေဖန်မှုတွေ မှားယွင်းကြောင်း ခြေစွမ်းတွေနဲ့ သက်သေပြခဲ့ပြီး သူနဲ့ ဗာရန်း ရဲ့ ခံစစ်အတွဲဟာ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ခံစစ်အတွဲ ဖြစ်နေသလို
သူတို့ နှစ်ဦးကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး စာရင်းထဲ ပါဝင်တယ်လို့ အများက လက်ခံလာ ကြပါတယ်၊ လီဆန်ဒရို မာတီနက်ဇ် တယောက် ဝေဖန်သံတွေ တိတ်သွားစေ ပြီးနောက် မာတီနက်ဇ် ကို
ဝေဖန်ခဲ့ဖူးတဲ့ ဂျေမီ ကာရေဂါ က သူ့ အနေနဲ့ မှားယွင်းခဲ့ကြောင်း ထုတ်ဖော် ဝန်ခံလိုက်ပြီး လီဆန်ဒရို မာတီနက်ဇ် ဟာ ယခု အချိန်မှာ အကောင်းဆုံး ဗဟို ခံစစ်မှူး တွေထဲက တဦး ဖြစ်နေခဲ့တယ်လို့ ဆိုးသွားခဲ့ပါတယ်။
ဂျေမီ ကာရေဂါ က- မာတီနက်ဇ် က အတော်လေး ခြေစွမ်းပြ ထားနိုင်တဲ့ ဗဟို နောက်ခံလူ တဦးပါ၊ လူကောင် ခပ်သေးသေး ဗဟိုနောက်ခံလူ တဦးက ပရီးမီးယားလိဂ်မှာ အောင်မြင်မယ်လို့ ကျွန်နော် မထင်ခဲ့ဘူးလေ။
အခုတော့ ထူးခြားတဲ့ ကစားသမား တဦး ဖြစ်နေတယ်၊ မာတီနက်ဇ် က ထူးခြားလိမ့်မယ်လို့ လုံးဝကို မထင်ခဲ့မိဘူး၊ သူ မန်ချက်စတာ ယူနိုက်တက် ရဲ့ စိတ်ဓာတ်ပိုင်း အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်နေပါပြီ။
ကျွန်တော်က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲ တစ်ပွဲကို ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်လောက်က ကြည့်ဖြစ်ခဲ့တယ်၊ အဲ့ဒီတုန်းက မာတီနက်ဇ် က လူစားဝင် ကစားသမား အဖြစ် ဝင်ကစားခဲ့တာ၊ ဒါပေမယ့်
အသင်းကလည်း ဂိုးသွင်းရော သူက အသင်းဖော်တွေနဲ့ အတူ အောင်ပွဲခံတဲ့ နေရာမှာ ရှိနေခဲ့တယ်၊ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်း ကလည်း ကျွန်တော်တို့ တွေက အာဂျင်တီးနား အသင်းနဲ့ အတူ သူ့ရဲ့ တိုက်ပွဲဝင်မှုကို
ကြည့်ခဲ့ရသေးတယ်၊ သူက အတော်လေးကို စိတ်ဓာတ် ပြင်းထန်တဲ့ ကစားသမား ပဲ၊ ကစားသမားတွေတိုင်းမှာ အားနည်းချက်တွေ ဆိုတာ ရှိကြပါတယ်၊ အကောင်းဆုံး ဆိုတဲ့ ကစားသမားတွေ မှာတောင် အားနည်းချက်
ရှိကြတယ်၊ ဒါပေမယ့် သူတို့က သူတို့ရဲ့ အားနည်းချက်ကို ဖုံးကွယ်ထား နိုင်ကြတယ်၊ မာတီနက်ဇ် က အဲ့ဒီလိုပဲ၊ သူက အတော်လေးကို ကောင်းတဲ့ ကစားသမား တယောက် ဖြစ်ပြီး ကျွန်တော့်ကို အံ့ဩအောင် လုပ်နိုင်ခဲ့ပါတယ်။ လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။
credit