မက်ဆီ ကို ဒုတိယ နေရာမှာထားပြီး လိုက်မီဖို့ မလွယ်ကူနိုင်တဲ့ အနေအထား တရပ်ကို ထပ်မံ ဖန်တီးလိုက်ပြန်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို

ပေါ်တူဂီ ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒို ဟာ ယနေ့ နံနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အယ်ဝါဒါ 0-4 အယ်နက်ဆာ ပွဲစဉ်မှာ တစ်ဦးထဲ သွင်းဂိုး 4 ဂိုးထိ သွင်းယူခဲ့ပြီး ဆော်ဒီမြေရဲ့ ပထမဦးဆုံး ဟက်ထရစ်ကို




ရရှိသွား ခဲ့ပါတယ်၊ အယ်ဝါဒါ 0-4 အယ်နက်ဆာ ပွဲစဉ်ဟာ ခရစ္စတီယာနို ရော်နယ်ဒို အတွက် အယ်နက်ဆာ ကစားသမား ဘဝ တတိယမြောက် ဆော်ဒီလိဂ် ပွဲစဉ် ဖြစ်ပြီး အဆိုပါ ပွဲစဥ်မှာ ရော်နယ်ဒို က အယ်နက်ဆာ ရဲ့ တိုက်စစ်ကို အကောင်းဆုံး




ဦးဆောင် ကစားနိုင်ခဲ့ပြီး ပွဲချိန် 21 မိနစ်၊ 40 မိနစ် နဲ့ 53 မိနစ် 61 မိနစ် တို့မှာ စူပါ ဟက်ထရစ် ကို တစ်ဦးတည်း သွင်းယူနိုင် ခဲ့တာ ဖြစ်ပါတယ်၊ အယ်နက်ဆာ နဲ့ အတူ ရရှိခဲ့တဲ့ စူပါ ဟက်ထရစ် က ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ကစားသမား ဘဝ 61 ကြိမ်မြောက်




ဟက်ထရစ် ဖြစ်ပြီး အသက် 30 ပြည့်ပြီးမှ သွင်းယူခဲ့တဲ့ အကြိမ် 30 မြောက် ဟက်ထရစ် ဖြစ်ကြောင်းလည်း သိရှိရပါတယ်၊ မှတ်တမ်းတွေ အရ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဘောလုံး သမိုင်းမှာ ဟက်ထရစ် အများဆုံး




သွင်းယူ ထားနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင် နေကြောင်း သိရှိရပြီး ရော်နယ်ဒို ရဲ့ နောက်မှာတော့ မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီ ကတော့ ဟက်ထရစ် 56 ကြိမ် နဲ့ ဒုတိယမြောက် ဟက်ထရစ် အများဆုံး




ကစားသမား နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်၊ တတိယ နေရာမှာတော့ ဘာစီလိုနာ တိုက်စစ်မှူးတွေ ဖြစ်တဲ့ လီဝန် ဒေါစကီး နဲ့ ဆွာရက်ဇ် တို့က ဟက်ထရစ် 29 ကြိမ်စီနဲ့ အတူ ရပ်တည် နေကြပြီး စတုတ္ထ




နေရာမှာတော့ ကစားသမား ဘဝကနေ အနားယူသွားတဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဂိုးမက်စ် နဲ့ အဂူရို တို့က ဟက်ထရစ် 18 ကြိမ်စီနဲ့ ရှိနေ ကြပါတယ်၊ ရော်နယ်ဒို ဟာ ဒီရာသီမှာ အယ်နက်ဆာ အတွက် စုစုပေါင်း

3 ပွဲ ပါဝင် ကစားပေး ထားခဲ့ရာမှာ သွင်းဂိုး 5 ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့ပြီး သူ့ရဲ့ ဂိုးသွင်း စွမ်းရည် မကျဆင်း သေးကြောင်းကို အကောင်းဆုံး သက်သေပြ သွားတာလည်း ဖြစ်ပါတယ်။

credit