နှစ်ဘက်အသင်း အချင်းများခဲ့မှုကြောင့် အရေးယူလိုက်ပြီ ဖြစ်တဲ့ အက်ဖ်အေ

စနေနေ့က ကစားခဲ့တဲ့ ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ခရစ္စတယ် ပဲလေ့စ် အသင်းတို့ကြား အချင်းများ ခဲ့ပြီးနောက် ထို နှစ်သင်းလုံးကို အက်ဖ်အေက အရေးယူ လိုက်ပါတယ်၊ ပွဲ ကစားချိန်




၆၇ မိနစ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘရူနို ဖာနန်ဒက်စ်၊ ရပ်ရှ်ဖို့ဒ် တို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် ဦးဆောင်ထား နိုင်ခဲ့ပြီး အန်တိုနီ ကို ခရစ္စတယ် ပဲလေ့စ် ကွင်းလယ်လူ ရှလပ် က ကြမ်းတမ်းစွာ




ဖျက်ထုတ် ခဲ့တာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်၊ ဘရာဇီးလ်သားရဲ့ဖျက်ထုတ် ခံရမှုကနေ နှစ်ဘ က်အသင်း ကစားသမားတွေ ကြားမှာ အချင်းများမှုတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်၊ ကစားသမား အယောက် ၂၀ ခန့်




အဆိုပါ အချင်းများမှုမှာ ပါဝင်ခဲ့ပြီး အန်တိုနီ နဲ့ ရှလပ် တို့ အဝါကတ် ပြခံခဲ့ ရပြီးနောက် VAR က ကတ်စမဲရိုး ဟာ ခရစ္စတယ် ပဲလေ့စ် ကစားသမား ဟု့ချ် လည်ပင်းကို ညှစ်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ်နဲ့




ထုတ်ပယ်ခံ ခဲ့ရတာ ဖြစ်ပါတယ်၊ ၁၀ ယောက်နဲ့ ခရစ္စတယ် ပဲလေ့စ် အသင်းကို ရင်ဆိုင် ရချိန်မှာ အဝေးကွင်းမှာ ပွဲကို ထိန်းချုပ်ခဲ့ပြီး ရှလပ် က ချေပဂိုး သွင်းယူနိုင် ခဲ့ပေမယ့် နောက်ထပ်ဂိုး တစ်ဂိုးတော့




မရရှိခဲ့ ကြပါဘူး၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ခရစ္စတယ် ပဲလေ့စ် အသင်းတို့ဟာ စနေနေ့ ကစားခဲ့တဲ့ ပွဲမှာ ကစားသမားတွေ ယခုလို အချင်းများ ခဲ့တာကြောင့် နှစ်သင်းစလုံး အနေနဲ့ ကစားသမားတွေကို

မထိန်းချုပ် နိုင်ခဲ့တာကြောင့် အရေးယူခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် နဲ့ ခရစ္စတယ် ပဲလေ့စ် တို့ အနေနဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မတိုင်ခင် အကြောင်း ပြန်ရမယ်။ လို့ အက်ဖ်အေ က ကြေညာချက် တခုကို




အတိအလင်း ထုတ်ပြန်သွား ခဲ့ပါတယ်၊ Manchester United နည်းပြ Erik Ten Hag ကတော့ ယခုလို အနီကတ် ပြစ်ဒဏ်ကို လက်ခံခဲ့ ရပေမယ့် အယူး အနေနဲ့လည်း ဖရက်ဒ် ကို ထပ်တူ အမှားမျိုး လုပ်ခဲ့တာ




ဖြစ်တာကြောင့် အထုတ်ခံရ သင့်တယ်လို့ ပြောဆိုခဲ့ ပါ‌ သေးတယ်၊ နှစ်သင်းလုံး တစ်ဦးချင်း တိုက်ခိုက် နေတာပါ၊ ကတ်စမဲရိုး တစ်ယောက်တည်း အထုတ်ခံ ရတာက လုံးဝ မမျှတပါဘူး၊ အယူး အနေနဲ့လည်း ကတ်စမဲရိုးလိုပဲ အထုတ်ခံရ သင့်ပါတယ်။ လို့

နည်းပြ Erik Ten Hag က ပြောကြားသွား ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လိဒ် ယူနိုက်တက် ကို 2-2 သရေ ကျခဲ့ပြီးနောက် အဝေးကွင်းမှာ လိဒ် ယူနိုက်တက် အသင်းနဲ့ ဆက်လက် ရင်ဆိုင် သွားရအုံးမှာ ဖြစ်ပါတယ်။

credit