ထပ်မံ ရင်ဆိုင် တွေ့ဆုံကြဦးမယ့် လိဒ်စ် ယူနိုက်တက် Vs မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အတွက် ခန့်မှန်းချက် ထုတ်ပြန်သွားပြီ ဖြစ်တဲ့ ခရစ်ဆက်တန်

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လိဒ်စ် ယူနိုက်တက် အသင်းဟာ ကြားရက်မှာ ရင်ဆိုင်ခဲ့ကြရပြီး ၄ ရက် အကြာမှာပဲ ထပ်မံ ထိပ်တိုက် တွေ့ဆုံ ယှဉ်ပြိုင်ရအုံးမှာပဲ ဖြစ်ပါတယ်၊ ဒီ တကြိမ်မှာတော့




လိဒ်စ် ယူနိုက်တက် အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်၊ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်က လာမယ့် တနင်္ဂနွေနေ့ ည ၈ နာရီခွဲမှာ ဖြစ်ပြီး ဘီဘီစီ သတင်းဌာနက သုံးသပ်သူ ခရစ်ဆက်တန် က




လိဒ်စ် ယူနိုက်တက် နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။ ခရစ်ဆက်တန် က- ကျနော့် အနေနဲ့ လိဒ်စ် ယူနိုက်တက် အသင်း အတွက် အနည်းငယ် စိုးရိမ်မိတဲ့ အခြေအနေ




တရပ်လို့ မြင်မိတယ်၊ ခြေစွမ်းပိုင်း အရ ဆိုရင် ဂျေဆီ မာ့ချ် ပြီးခဲ့တဲ့ အပတ်က ထုတ်ပယ် ခံခဲ့ရတာ ဝမ်းနည်း မိပါတယ်၊ သူနဲ့ ဆက်ရှိမယ် ဆိုရင် လိဒ်စ် ယူနိုက်တက် က တန်းဆင်းဇုန်ကို ရောက်မယ် လို့ မထင်မိဘူး။




ဒါပေမယ့် ဇယား အောက်ခြေက အသင်း ၆ သင်းထဲက ၅ သင်းဟာ ဒီရာသီ မန်နေဂျာ ပြောင်းပြီး ကြပါပြီ၊ လိဒ်စ် ယူနိုက်တက် ကလည်း ပရီးမီးယားလိဂ်မှာ နိုင်ပွဲ မရရှိတာ အတော် ကြာခဲ့တယ်၊ ယာယီ နည်းပြဖြစ်တဲ့




မိုက်ကယ် စကူဘာလာ က ပြီးခဲ့တဲ့ ကြားရက်က အိုးလ်ထရက်ဖို့ဒ်မှာ တစ်မှတ် ရအောင် ယူခဲ့ပါတယ်၊ ဒါပေမယ့် ဒီပွဲစဉ် မတိုင်ခင်မှာပဲ လိဒ်စ် ယူနိုက်တက် အနေနဲ့ မန်နေဂျာသစ် ခန့်အပ်နိုင်ချေ ရှိပါတယ်၊ ကြားရက်က




ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် ဆီက ဘာမှ မရနိုင်ဘူးလို့ ထင်ခဲ့ပေမယ့် အဆုံးမှာ သရေ တစ်မှတ် ရအောင် ယူသွားနိုင်ခဲ့တယ်၊ ဒီပွဲက ခန့်မှန်းရ အတော် ခက်ပါတယ်၊ ကိစ္စ တော်တော် များများ unknowns




ဖြစ်နေလို့ ဘာမဆို ဖြစ်သွားနိုင်တယ်၊ နည်းပြ စကူဘာလာ ဆက်ရှိနေနေ မနေနေ ဘယ်အသင်းမဆို နိုင်သွား နိုင်တယ်၊ ကျနော်ကတော့ လိဒ်စ် ဘက်က ရှိချင်တယ်၊ သူတို့မှာ ကစားသမားကောင်းတွေ အများကြီးလေ။

မိနစ် ၉ဝ အတွင်း ဘယ်လို ခက်ခဲမှုတွေ မဆို တောင့်ခံပြီး လုပ်ပြ သွားနိုင်တယ်၊ သူတို့ ပရိသတ်တွေ ကလည်း ခြားနားမှုကို ဖြစ်သွားစေ နိုင်တယ်၊ အယ်လန်းရုဒ် က လုံးဝ သက်ဝင် လှုပ်ရှားနေမှာပါ။ လိဒ်စ် အသင်းရဲ့ အားနည်းချက် တွေကိုလည်း ဒီပွဲမှာ




မြင်ကောင်း မြင်ရနိုင်တယ်၊ သူတို့ ခံစစ်လိုင်းကို ကျနော်လည်း မယုံနိုင်ဘူး၊ ဒီတော့ မန်ချက်စတာ ယူနိုက်တက် ကလည်း ဂိုးတော့ သွင်းပါလိမ့်မယ်၊ ဒါပေမဲ့ ပရိသတ်ထုကြီးက သူတို့ အသင်းကို နိုင်အောင်

ကူညီသွားနိုင် မယ်လို့ ထင်မိတယ်။ လို့ ခရစ်ဆက်တန် က သုံးသပ် ခန့်မှန်း သွားခဲ့တာပဲ ဖြစ်ပါတယ်၊ ခရစ်ဆက်တန် ရဲ့ ပွဲကြို ခန့်မှန်းချက်- လိဒ်စ် ယူနိုက်တက် ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။

credit