ရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ကို ဦးချိုးဖို့ ကြိုးပမ်းခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်တဲ့ ပေါလ်မာဆန်
|ရော်နယ်ဒို အိုးလ်ထရက်ဖို့ဒ်မှာ ရှိတဲ့ ဒုတိယသက်တမ်း အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းဖော်တွေ ထဲက တစ်ဦးကို ဦးချိုးဖို့ ကြိုးပမ်း ခဲ့တယ်လို့ စွပ်စွဲခံခဲ့ ရပါတယ်။ ရော်နယ်ဒို ဟာ ပီးယာ့စ် မော်ဂန် နဲ့ အင်တာဗျူး အပြီးမှာ မန်ချက်စတာ ယူနိုက်တက် နဲ့
နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းခဲ့ပြီး ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ်နာဆာ ကို ပြောင်းရွှေ့ သွားခဲ့သူ ဖြစ်ပါတယ်၊ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပရီးမီယားလိဂ် သွင်းဂိုး
၁၈ ဂိုးထိ သွင်းယူ ပေးခဲ့ပြီး ချန်ပီယံလိဂ် အုပ်စုဗိုလ် ဖြစ်အောင် ၆ ဂိုးထိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ဟာ ယခုရာသီ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့ပြီး နွေရာသီမှာ
ရော်နယ်ဒို ဟာ အိုးလ်ထရက်ဖို့ဒ် ကို စွန့်ခွာ ချင်ခဲ့တယ် လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်၊ ရော်နယ်ဒို ဟာ နည်းပြသစ် Erik Ten Hag လက်အောက်မှာ ခြေစွမ်းပိုင်း ကျဆင်းခဲ့ပြီး ကမ္ဘာ့ဖလား နားရက် မတိုင်ခင်
၁၆ ပွဲမှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်၊ ရော်နယ်ဒို ထွက်ခွာ သွားခဲ့ပြီး နောက်ပိုင်း မန်ချက်စတာ ယူနိုက်တက် ဟာ ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၁၁ ပွဲထိ နိုင်ပွဲ ရရှိခဲ့ပြီး အမှတ်ပေး ဇယား အဆင့် ၃ နေရာထိ တက်လှမ်း နိုင်ခဲ့ပါတယ်။ Sportskeeda မှာ ပေါလ်မာဆန်က
ရော်နယ်ဒို ဟာ အိုးလ်ထရက်ဖို့ဒ် မှာတုန်းက ဖာနန်ဒက်စ် နဲ့ ကွင်းထဲမှာ အတူတူ ရှိနေချိန် အသင်းဖော် ဦးချိုးထား နိုင်အောင် ကြိုးပမ်း ခဲ့တယ်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်၊ ဖာနန်ဒက်စ် ဟာ ကမ္ဘာ့ဖလား အပြီးတည်းက မန်ချက်စတာ ယူနိုက်တက် အတွက်
ခြေစွမ်း ပြသပြီး ၈ ဂိုးထိ သွင်းယူ ပေးထားတာ ဖြစ်ပါတယ်၊ ပေါလ်မာဆန် က ရော်နယ်ဒို ထွက်ခွာမှုက ဖာနန်ဒက်စ် အတွက် အကူအညီ ဖြစ်ကြောင်းလည်း ဆိုပါတယ်။ ပေါလ်မာဆန် က- မန်ချက်စတာ ယူနိုက်တက် က ရော်နယ်ဒို ထွက်သွား တည်းက တိုးတက်ခဲ့တယ်။
သူတို့ကိုယ် သူတို့ စပြီး ထုတ်ဖော် ပြသလာတယ်၊ ရပ်ရှ်ဖို့ဒ် ဂိုးသွင်းတာ မရပ်တန့် နိုင်တော့ဘူး၊ ဘရူနို ဖာနန်ဒက်စ် လည်း အခုချိန်မှာ မတူညီတဲ့ ကစားသမား တစ်ဦး ပုံစံ ပေါက်နေပါတယ်၊ သူက ရော်နယ်ဒို ရဲ့ ဦးချိုးတာ
ခံခဲ့ရတယ်လို့ ကျွန်တော် ထင်တယ်၊ အဲဒီလို ပြောတာက မမျှတတာ ဖြစ်နိုင်ပေမယ့် အပြင်လူ အနေနဲ့ ကြည့်ရင် အဲဒီလို ပုံစံ ဖြစ်နေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် က သူတို့ ရှိနေကျ ခြေစွမ်း တည်ငြိမ်မှုမျိုး မရှိခဲ့ဘဲ အဲဒါကြောင့်ပဲ
ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ သူတို့တွေ ရှိနေခဲ့တဲ့ နေရာမှာ ရှိနေခဲ့တာပါ၊ လိဒ်စ် ယူနိုက်တက် က ဒီအပတ် ကြီးမားတဲ့ ရမှတ်ကို ရယူနိုင်ခဲ့တာပါ၊ မန်ချက်စတာ ယူနိုက်တက် က အဲလန်းရုဒ် မှာ ထပ်မံ သရေကျတာ မြင်ရလိမ့်မယ်လို့ မထင်ပါဘူး။ သူတို့တွေ
တခြားနေ့မှာ ဒီလိုမျိုး ဖြစ်နေမယ်လို့ ကျွန်တော် မမြင်ဘူး၊ မန်ချက်စတာ ယူနိုက်တက် က ဒီပွဲကို အနိုင်ရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ချက် ရှိနေပါတယ်၊ သူတို့ ပြန်လာနိုင်ပြီး ဒီပွဲမှာ သက်တောင့် သက်သာ နိုင်ပွဲရမယ်လို့ မျှော်မှန်းထားတယ်။ လို့ ပြောကြားခဲ့ပါတယ်။
credit