ဂရင်းဝုဒ် နဲ့ ဆက်သွယ် ပြောဆိုမှုများ ပြုလုပ်ခဲ့တဲ့ တန်ဟက်ဂ်
|Manchester United တိုက်စစ် ကစားသမား ဖြစ်သူ မေဆန် ဂရင်းဝုဒ် ဟာ တရားရုံးက စွဲချက်များ ရုတ်သိမ်းခဲ့ ပြီးနောက် ရက်ပိုင်းအကြာမှာ နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ ပထမဆုံး အကြိမ် အဆက်အသွယ် ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြသွားပါတယ်။
ချစ်သူ မိန်းကလေးကို အကြမ်းဖက်မှု ကျူးလွန်ခဲ့ပြီး ဓါတ်ပုံ၊ ဗီဒီယို နဲ့ တကွ ပျံ့နှံလာပြီး နောက်ပိုင်း ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတဲ့ ဂရင်းဝုဒ် ကို သူရဲ့ ကလပ်အသင်း မန်ချက်စတာ ယူနိုက်တက် က လစာ အပြည့်အဝ
ပေးချေဖို့ ဆိုင်းငံ့ခဲ့ပြီး အပြစ်ပေး ခဲ့ပါတယ်၊ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ကတည်းက ဖမ်းဆီးခံ ထားရတဲ့ ဂရင်းဝုဒ် ဟာ သူရဲ့အမှုကို ရင်ဆိုင်နေ ရရင်းနဲ့ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ တရားရုံးကနေ စွဲချက်တင်းထား သမျှကို
ရုတ်သိမ်းခဲ့တာ ဖြစ်ပြီး အမှုကနေ လွတ်မြောက်ခဲ့ ရပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က သူတို့ ကစားသမားနဲ့ ပတ်သတ်ပြီး စုံစမ်း စစ်ဆေးမှုတွေ ထပ်မံ လုပ်ဆောင်နေဆဲသာ ဖြစ်ကြောင်း
ထုတ်ပြန်ခဲ့ပြီး ဒီကိစ္စတွေ အဆုံးသတ်သွားမှ ဂရင်းဝုဒ် ရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း သိရနိုင်ပါတယ်၊ ဒီလို အခြေအနေ ရှိနေချိန်မှာ ဂရင်းဝုဒ် ဟာ လက်ရှိနည်းပြ တန်ဟက်ဂ် နဲ့ အဆက်အသွယ် လုပ်ဆောင်ခွင့်
ရရှိပြီး တန်ဟက်ဂ် က ဂရင်းဝုဒ် ရဲ့ ရုပ်ပိုင်း ဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာ အခြေအနေတွေ အပေါ် မေးမြန်းမှု ပြုလုပ်ခဲ့ သလို အသက် ၂၁ အရွယ် ကစားသမားကလည်း သူ့အပေါ် စွဲချက်များ ပြန် ရုတ်သိမ်းလိုက်တဲ့ အတွက် ဝမ်းသာနေမိရကြောင်း
ပြောကြားခဲ့တယ်လို့ The Sun ကနေ ဖော်ပြသွား ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ်တွေရဲ့ ဖော်ပြချက် အရ တန်ဟက်ဂ် က မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ဦး ဖြစ်တဲ့
ဂရင်းဝုဒ် ကို ဆက်သွယ်ဖို့ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စ တစ်ခုလို့ ယူဆထားတဲ့ အပြင် အခုလို တန်ဟက်ဂ် ဘက်က တိုက်ရိုက် ဆက်သွယ်မှု လုပ်ဆောင်လာတာက ဂရင်းဝုဒ် အတွက် တကယ့်ကို စိတ်ကျေနပ်စရာ
အခြေအနေ တစ်ခု ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။း၊ ဒါပေမယ့် အသင်းအတွင်းမှာ ဂရင်းဝုဒ်နဲ့ ပတ်သတ်ပြီး internal investigation ကိစ္စတွေ မပြီးသတ် ခင်မှာ ဂရင်းဝုဒ် အနေနဲ့ အသင်း အတွက် ပြန် ကစားပေးခွင့် ရရှိဦးမှာ မဟုတ်ပေမယ့်
နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က ဒီလို ကိစ္စရပ်တွေ ပြီးဆုံးသွားတာနဲ့ ဂရင်းဝုဒ် ကို အသင်းမှာ နေရာပေး သွားဖို့ အဆင့်သင့် ဖြစ်နေတဲ့ အကြောင်း သတင်းများက ဖော်ပြသွားတာပဲ ဖြစ်ပါတယ်။
credit