အသင်းနဲ့ ပူးပေါင်းဖို့ အဲရစ် တန်ဟက်နှင့် တွေ့ဆုံပြီးနောက် ဂရင်းဝုဒ် ကို ခွင့်မပြုရန် တောင်းဆိုခဲ့ကြတဲ့ အသင်းဖော်များ

Manchester United အမျိုးသမီး ကစားသမားများဟာ ချစ်သူ မိန်ကလေး အပေါ် ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ဂရင်းဝုဒ် အနေနဲ့ အသင်းနဲ့ ပူးပေါင်းမှာ စိုးရွံ့နေပြီး ၎င်း ပြန်လာမှာကို အလို မရှိကြကြောင်း




သတင်းများက ဖော်ပြသွားကြပါတယ်၊ အသက် ၂၁ နှစ် သားဟာ လိင်ပိုင်းဆိုင်ရာ စွပ်စွဲ ခံရမှုကြောင့် အသင်းထံ ပြန်လာမှာကို အလိုမရှိ ဖြစ်နေကြတာ ဖြစ်ပါတယ်၊ အက်သလက်တစ် သတင်းဌာန ကတော့




မန်ချက်စတာ ယူနိုက်တက် အမျိုးသမီး အသင်းမှ ကစားသမား အများစုဟာ ဂရင်းဝုဒ် ကို ရောင်းထုတ် စေချင်နေ ကြပါတယ်၊ ဒါကြောင့် ဂရင်းဝုဒ် ကို မန်ချက်စတာ ယူနိုက်တက် အသင်း အကျီနဲ့ ပြန်မြင်ရဖို့




ခက်ခဲဖွယ် ရှိနေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အမျိုးသမီး ပရိသတ်တွေ ကလည်း မေဆင် ဂရင်းဝုဒ် ကို ရောင်းထုတ်ဖို့ ဆန္ဒပြ တောင်းဆို နေကြပြီး အခြား တဖက်မှာလည်း အသင်းဖော်တွေရဲ့အဝတ်လဲခန်း အတွင်း




ဂရင်းဝုဒ် ကို ကြိုဆိုဖို့ လိုလားဟန် နည်းကြကြောင်း သိရပြီး ဂရင်းဝုဒ် ကို အတွင်းပိုင်း စစ်ဆေးနေဆဲ ဖြစ်တာကြောင့် အသင်းရဲ့လူစာရင်း ကနေ ဖယ်ရှားခံထား ရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် စတားကို




အခြား အသင်းကြီးတွေက ပစ်မှတ် ထားနေကြပြီး ၎င်းကို ခေါ်ယူနိုငိဖို့ အတွက် တရုတ်အသင်း အများအပြားက အပြိုင်အဆိုင် ချိတ်ဆက် နေကြပါတယ်၊ ဂရင်းဝုဒ်ဟာ မကြာသေး ခင်တုန်းက

စွဲချက်တင် ခံထားရတဲ့ အမှုတွေ ကနေ လွတ်မြောက် လာခဲ့တာ ဖြစ်ပြီး အသင်းနဲ့ မကြာခင်မှာ ပြန်လည် ပူးပေါင်းဖွယ် ရှိနေတယ်လို့လည်း သတင်းအချို့က ဆိုပါတယ်။

credit