မနက်ဖြန်မှာ ထပ်မံ တွေ့ဆုံဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် Vs လိဒ်စ် ပွဲစဉ် အတွက် ခန့်မှန်းချက် ထုတ်ပြန်သွားပြီ ဖြစ်တဲ့ ပေါလ်မာဆန်

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လိဒ်စ် ယူနိုက်တက် အသင်းတို့ဟာ သရေပွဲ အပြီး ရက်ပိုင်း အကြာမှာပဲ ထပ်မံ တွေ့ဆုံရမှာ ဖြစ်ပါတယ်၊ ဒီတကြိမ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့




လိဒ်စ် ယူနိုက်တက် အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်၊ ဒီနှစ်သင်းဟာ လာမယ့် တနင်္ဂနွေနေ့ ည ၈ နာရီခွဲမှာ ကစားမှာ ဖြစ်ပြီး ပေါလ်မာဆန် က လိဒ်စ် နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို




သုံးသပ် ခန့်မှန်းသွား ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် က လောလောဆယ် သူတို့ အကောင်းဆုံး ကွင်းလယ်သမား နှစ်ဦးကို ဆုံးရှုံးထားပါတယ်၊ ဒါကို လိဒ်စ် ယူနိုက်တက် နဲ့ ပြီးခဲ့တဲ့ ပွဲမှာ ပြသခဲ့တယ်။ ဒီတော့




ပွင့်ပွင့် လင်းလင်း ပြောရအောင်ဗျာ၊ သူတို့ ကစားပုံနဲ့ ဆိုရင် သက်တောင့် သက်သာ အနိုင်ရခဲ့ သင့်တာပါ၊ ကတ်စမဲရိုး နဲ့ အဲရစ်ဆန် သာ ပါရင် သူတို့ အဲဒီပွဲကို နိုင်ခဲ့မယ်လို့ ထင်ပါတယ်။ ရော်နယ်ဒို မရှိတဲ့ နောက်ပိုင်း




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုးတက်လာတယ်၊ တခြား ကစားသမားတွေလည်း အစွမ်းအစကို ထုတ်ပြလာတယ၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် ဆို ဂိုးသွင်းတာကို ရပ်တန့် မရနိုင်တော့ဘူး၊ ဘရူနို ဖာဒနန်ဒက်စ် ဆို




လူသစ် တစ်ယောက်လိုတောင် ဖြစ်သွားတယ်၊ သူက ရော်နယ်ဒို ရဲ့ လောင်းရိပ် မိနေခဲ့တာ ထင်ပါတယ်၊ လိဒ်စ် ယူနိုက်တက် က ဒီကြားရက်မှာ အဖိုးတန် တစ်မှတ် ရယူနိုင်ခဲ့တယ်၊ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် က




သရေ ထပ်ကျ ခံမှာ မဟုတ်တော့ပါဘူး၊ အရင်ပွဲ ကလို ပုံစံမျိုး ထပ်မြင်ရတော့မှာ မဟုတ်ဘူး၊ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်း အနိုင်ရမယ်လို့ မြင်နေတယ်။ လို့ သုံးသပ် ခန့်မှန်းခဲ့တာပဲ ဖြစ်ပါတယ်။

ခန့်မှန်းချက်- လိဒ်စ် ယူနိုက်တက် 0-3 မန်ချက်စတာ ယူနိုက်တက်

credit