မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ နောက်ဆုံးထား ကမ်းလှမ်းရမယ့် ရက်ကို ထုတ်ပြန်ခဲ့တဲ့ ဂလေဇာမိသားစု

မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူဖို့ရန် စိတ်ဝင်စားသူတွေ အနေနဲ့ လာမယ့် သောကြာနေ့ နောက်ဆုံးထားပြီး ဘယ်လို အချက်အလက် တွေနဲ့ အသင်းရဲ့ ရှယ်ယာ ဘယ်လောက် ရာခိုင်နှုန်းကို




ဝယ်ယူချင်တယ် ဆိုတာ ကမ်းလှမ်းမှုမှာ တခါတည်း ထည့်သွင်း ကမ်းလှမ်းရမယ်လို့ သိရပါတယ်၊ ကမ္ဘာ့အကြီးဆုံး အသင်း တသင်း ဖြစ်တာနဲ့ အညီ အသင်း အတွက် သုံးစွဲမယ့် ရန်ပုံငွေ ပမာဏ ပါ တပါတည်း




ဖော်ပြရမှာ ဖြစ်ပြီး အပြိုင်အဆိုင် ကမ်းလှမ်းမှု များစွား ရှိလာနိုင်ပါတယ်၊ ကာတာ အခြေစိုက် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတစ်ခုက ကမ်းလှမ်းမှု တခု ပြုလုပ်ထားပြီး ဖြစ်သလို တော်တော်လေးလည်း




အားကောင်းတဲ့ ကမ်းလှမ်းမှု ဖြစ်တယ်လို့ Sportmail က ဖော်ပြ သွားခဲ့ပါတယ်၊ ကမ်းလှမ်းမှုကို ပြီးမြောက် စေဖို့ အရှိန်အဟုန်နဲ့ ဆောင်ရွက် နေပေမယ့်လည်း အပြီးသတ်ဖို့တော့ မနီးစပ်သေးဘူးလို့ ဆိုပါတယ်။




လက်ရှိ ဂလေဇာမိသားစုထံ အမှန်အကန် စိတ်ဝင်စားတဲ့ ကမ်းလှမ်းမှု ၅ ခုသာ ရရှိထားပြီး ဒီ လုပ်ငန်းစဉ်ကို အမေရိကန် ကုန်သည်များဘဏ် Raine က ကိုင်တွယ် နေပြီး အလုံးစုံပိုင်ဆိုင်မှု ပြောင်းလဲ လိုက်ဖို့ထက်




တစိတ်တပိုင်း ရင်းနှီးမြှုပ်နှံမှု ပုံစံတွေကိုသာ အရင်ဆုံး ဆွေးနွေးသွားဖွယ် ရှိနေပါတယ်၊ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း အတွက် ကမ်းလှမ်းမှုတွေ အနေနဲ့တော့ နောက်တစ်ဆင့် ဖြစ်ပြီး အပြိုင်အဆိုင် ကမ်းလှမ်းကြဖွယ်




ရှိနေပါတယ်၊ အမေရိကန် ကုန်သည်များဘဏ် လက်ထဲမှာတော့ အမှန်တကယ် စိတ်ဝင်စားပြီး ကမ်းလှမ်းမှု ပြုလုပ်ထားတဲ့ ပြိုင်ဆိုင်သူ နှစ်ဦး ကနေ ၃ ဦးထိ ရှိနေပြီ ဖြစ်ပြီး ဒီ ကမ်းလှမ်းမှုတွေကို စီစစ်နေတယ်လို့ သိရပါတယ်၊ ကမ်းလှမ်းသူတွေ ကြားမှာလည်း

ပြိုင်ဆိုင်မှုတွေ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ ဘဏ္ဍာရေး နောက်ခံ အတွက် အာမခံချက် ပေးဖို့လည်း လိုအပ်တာကြောင့် များနိုင်သလောက် များများ ကမ်းလှမ်းခွင့် ပေးထားပါတယ်၊ ကမ်းလှမ်းသူတွေ အနေနဲ့တော့ ဂလေဇာ မိသားစု ဈေးခေါ်ထားသည့်




ပေါင် (၆) ဘီလီယံ ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းရမှာ ဖြစ်ပြီး ဒီ ပမာဏ အရ ဆိုရင် အလုံးစုံ လွှဲပြောင်းဖို့ လုံလောက်နေပြီ ဖြစ်ပါတယ်၊ ဒါပေမယ့် အသင်းကြီး တသင်းကို လွှဲပြောင်းရမှာ ဖြစ်တာကြောင့်

အချိန် ယူရဖွယ် ရှိပြီး မန်ချက်စတာ ယူနိုက်တက် နဲ့ သတင်း ထွက်နေတဲ့ ကာတာ အုပ်စုဟာ PSG ကို ပိုင်ဆိုင်ထားတဲ့ Qatar Sports Investments QSI နဲ့ သီးခြား ဖြစ်ပြီး အသင်းကို ပိုင်ဆိုင်ဖို့ ပိုမို အရှိန်မြှင့် လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။




ဗြိတိန် အချမ်းသာဆုံး ပုဂ္ဂိုလ် ဆာဂျင် ရက်ကလစ်ဖ် ကတော့ မန်ချက်စတာ ယူနိုက်တက် ကို စိတ်ဝင်စားမှု အပေါ် လူသိရှင်ကြား ပြသခဲ့တဲ့ တစ်ဦးတည်းသောသူ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ အတွက် Goldman Sachs and JP Morgan တို့လို

ရင်းနှီးမြှုပ်နှံမှု အကြံပေး ကုမ္ပဏီ တွေကိုပါ ငှားရမ်း ထားပါတယ်၊ အခြား ကမ်းလှမ်းမှုတွေ အနေနဲ့တော့ အမေရိကန်၊ အာရှစီးပွားရေး အုပ်စုတွေနဲ့ ဆော်ဒီ အုပ်စုတွေ ပါဝင်နေတယ်လို့ သိရှိရပါတယ်။

credit