မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် လမ်းခွဲဖို့ အစဉ်အစဉ် ရှိလာတဲ့ ရပ်ရှ်ဖို့ဒ်
|မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ အိုးလ်ထရက်ဖို့ဒ် မှာ ဆက်မနေ ချင်တော့ဘဲ ပီအက်စ်ဂျီ အသင်းမှာ ၎င်းရဲ့ အနာဂတ်ကို ရှေ့ဆက် ချင်တယ်လို့ လီဂူးဝမ်းအသင်းကို ပြောကြားခဲ့ကြောင်း
El Nacional က အတည်ပြု ဖော်ပြသွား ခဲ့ပါတယ်၊ မားကပ်စ်ရပ်ရှ်ဖို့ဒ် ဟာ ယခုရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အရေးကြီးတဲ့ ကစားသမား ဖြစ်နေခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲစုံ 33 ပွဲမှာ သွင်းဂိုး 20 ဂိုးနဲ့
ဂိုးဖန်တီးမှု 8 ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ အင်္ဂလန် ကြယ်ပွင့် တိုက်စစ်မှူးဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝ စုစုပေါင်း 336 ပွဲ ပါဝင် ကစားပေး ခဲ့ရာ သွင်းဂိုး 113 ဂိုးနဲ့ ဂိုးဖန်တီးမှု 65 ကြိမ်
ပြုလုပ်နိုင်ခဲ့ပြီး အသက် 25 နှစ်အရွယ် တိုက်စစ်မှူးဟာ ပြင်သစ်မှာ အမ်ဘာပေ နဲ့ အတူ ကစားချင် နေတယ်လို့ El Nacional က ဖော်ပြခဲ့တာ ဖြစ်ပါတယ်၊ ပီအက်စ်ဂျီ အသင်းကလည်း မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ကို အိုးလ်ထရက်ဖို့ဒ် ကနေ
ခေါ်ယူနိုင်တဲ့ အင်အားရှိတယ် ဆိုတာ သံသယ ဖြစ်စရာ မရှိဘဲ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ မကြာသေးမီက အင်္ဂလန် တိုက်စစ်မှူးရဲ့ မယုံနိုင်ဖွယ် ခြေစွမ်းကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲရစ် တန်ဟက်ဂ် က- အခုချိန်မှာ မယုံနိုင်စရာကောင်းအောင် အာရုံစိုက် နေပါတယ်၊ သူက အဲဒါကို သတိပြုမိ နေတယ်၊ သူသာ မှန်ကန်တဲ့ ရွေ့လျားမှု ပြုလုပ်နေမယ် ဆိုရင် ဒါမှမဟုတ် အသင်းက သူ ဂိုး သွင်းယူဖို့
နေရာမှန် ရောက်အောင် သူ့ကို ယူဆောင်ပေး နိုင်ပါလိမ့်မယ်၊ ပြီးတော့ ဂိုးတွေ သွင်းယူနေဖို့ အရေးကြီးပါတယ်၊ အခုချိန်မှာ သူ ပုံစံကောင်း ရနေပါတယ်၊ သူက အဲဒါကို ပွဲစဉ်တိုင်း ကွင်းထဲကို ယူဆောင်ပေးနိုင်ပြီး
သူ့မှာ အဲဒီ အင်အား အဆင့်အတန်းမျိုး ရှိရင် သူ ဂိုးသွင်းယူ နိုင်ပါလိမ့်မယ်၊ အသင်းက လုပ်ရမယ့် တခုတည်းသော အရာက သူ့ကို ဒီလို အနေအထား ရောက်အောင် ယူဆောင်ပေးဖို့ပါပဲ။ လို့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
credit