ပိုင်ရှင်သစ် ထွက်ပေါ်ဖို့ နီးကပ်လာချိန် အသင်းအတွက် ဘာတွေ လုပ်ချင်နေသလဲ ဆိုတာ ထုတ်ဖော် ပြောကြားလိုက် အဲရစ် တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က အသင်း အနေနဲ့ လာမယ့် ဈေးကွက် အတွင်းမှာ ထိပ်တန်း ကစားသမားကောင်း တွေကို အသင်း အတွက် ခေါ်ယူ အားဖြည့်ချင်ကြောင်း ဒါက
လိုအပ်နေပြီ ဖြစ်တယ်လို့ အသိပေး ထုတ်ဖော် ပြောဆိုပါတယ်၊ အိုးလ်ထရက်ဖို့ဒ် မှာ လိဒ်စ် ယူနိုက်တက် ကို ဧည့်ခံ ကစားခဲ့ရာ တစ်ဘက်ကို ၂ ဂိုး သရေ ကျခဲ့တဲ့ ပွဲစဥ် အပြီးမှာ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ်
အဲရစ် တန်ဟက်ဂ် က အသင်း အနေနဲ့ အဓိကဟာ ဆုဖလားကြီး တွေကို ရယူနိုင်ဖို့ အတွက်ဆို ကျွန်တော့မှာ လုံလောက်တဲ့ ကစားသမား အစုအဖွဲ့မျိုး ရှိနေရပါမယ်၊ အခု ကျွန်တော့မှာ အဲဒီလို အနေအထား တရပ်
ရှိမနေဘူးလို့ သံသယ ခံစားရပါတယ်၊ အဲရစ် တန်ဟက်ဂ် က အသင်းရဲ့ ကွင်းလယ်ပိုင်း အတွင်း အဲရစ်ဆန် ဒဏ်ရာရပြီး ကတ်စမဲရိုး ပွဲပယ် ပြစ်ဒဏ် ထိနေချိန် အသင်းရဲ့ နေရာတိုင်း လိုလိုမှာ လစ်ဟာနေတာကြောင့်
ထိပ်တန်း ကစားသမား ၂ ဦးဆီ လိုအပ်နေ လိမ့်မယ်လို့ ပြောဆို သွားခဲ့တာ ဖြစ်ပါတယ်။ အဲရစ် တန်ဟက်ဂ် က- ကလပ် အသင်းရဲ့ ဘုတ်အဖွဲ့ နဲ့ စီမံ ခန့်ခွဲမှုတွေ နဲ့ ပတ်သတ်ပြီး အဆက်အသွယ် ကောင်းတွေ များစွာ
ရှိနေတယ် ဆိုပေမယ့် ကျွန်တော်က ဒီမှာ ဘဏ္ဍာရေး ဆိုင်ရာ အကြောင်း ကိစ္စတွေကို လုပ်ဆောင်ဖို့ ရောက်ရှိနေတာ မဟုတ်ပါဘူး၊ ကွင်းအတွင်း ရလဒ်ကောင်းဖို့နဲ့ အသင်း အောင်မြင်မှု ရရှိုဖို့ ဒါ ကျွန်တော့် တာဝန်ပါ။
ဒီအတွက် အခြား ပရီးမီးယားလိဂ် ကလပ် အသင်းတွေ ရဲ့ ရင်းနှီး မြှပ်နှံမှု တွေကိုလည်း တွေ့ကြမှာပါ၊ သူတို့ဆီမှာ အရည်အချင်း ရှိတဲ့ ကစားသမားတွေ နည်းပြ တွေလည်း ရှိကြတယ်၊ ဒါကြောင့် ပြိုင်ပွဲတိုင်းလောက်
ခက်ခဲလာတယ်၊ အရင်ကသာ နှစ်သင်းတည်း ပြေးနေတာ ဆိုပေမယ့် အခုက ၇ သင်း ၈ သင်းလောက် ပြိုင် နေရပြီလို့ ထင်မိပါတယ်၊ ကျွန်တော်ဒီကို စ ရောက်လာ ချိန်တုန်းက ပြောခဲ့သလို အကြောင်း ကိစ္စတွေကို
ပြောင်လဲချင်တယ် ဆိုရင် ပြောင်းလဲနိုင် ပါတယ် ဆိုတဲ့ စကားကိုပဲ ပြန်ပြီး ကိုးကားလို့ ရနိုင်ဆဲပါပဲ။ ဒါပေမယ့် လိုအပ်ရင် အင်အား ဖြည့်တင်းတာ၊ ရှိပြီသား ကစားသမား တချို့ကို ရောင်းထုတ်တာမျိုး လိုအပ်ပါတယ်။ လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
credit