သည်းထိတ် ရင်ဖိုစရာတွေ ပေးဆောင်ခဲ့တဲ့ လိဒ်စ် 0-2 မန်ချက်စတာ ယူနိုက်တက် ပွဲပြီး သုံးသပ်ချက်
|လိဒ် ယူနိုက်တက် နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဥ်ဟာ ပြီးခဲ့တဲ့ အပတ်ကလိုပဲ အပြန်အလှန် သွင်းဂိုးတွေကို ပထမပိုင်းမှာ မမြင်တွေ့ ခဲ့ရပါဘူး၊ အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခံစစ်ပိုင်းမှာ
ဗာရန်း နဲ့ မာတီနက်ဇ် ကို ချန်လှပ်ခဲ့လို့ အခြေအနေ ပိုဆိုးခဲ့ရပြီး ကစားကွက်တောင် ကောင်းကောင်း တည်မရအောင် ဖြစ်ခဲ့ရပြီး လိဒ် က ကွင်းလယ်ပိုင်း အသာစီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒါကြောင့်လည်း အစောပိုင်းမှာ
သိသိသာသာ ဖိအားပေး ကစားခဲ့ပြီး ခြိမ်းခြောက်မှု တွေလည်း ပိုမို ပြုလုပ် နိုင်ခဲ့တာ တွေ့ရပါတယ်၊ ပွဲချိန် ကြာလာချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်က အနည်းငယ် ပြန်လည် တည်ငြိမ်လာခဲ့ပါတယ်။
ဒါပေမယ့် အလုပ်ဖြစ်ဖို့ ရုန်းကန်ခဲ့ရပြီး ခံစစ်မှာ မက်ဂွိုင်းယား ဟာ ကို့ရိုးကားယား ပြုလုပ် နေခဲ့ကာ သူ့ဟာသူ မနည်း ပြန်အဖတ်ဆယ် နေရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ခြေစွမ်းဟာ စိတ်ပျက်စရာ ကောင်းခဲ့ပြီး
အခွင့်အရေးတွေ အပိုင် ရချိန်မှာလည်း အသုံးမချ နိုင်ခဲ့ပါဘူး၊ ပထမပိုင်း ပြီးခါနီးမှာ အပိုင် အခွင့်အရေးတွေ ရခဲ့တာ ဖြစ်ပြီး ထောင့်ကန်ဘော တွေနဲ့ပဲ ကျေနပ် ခဲ့ရပါတယ်၊ လိဒ် ကလည်း ဂိုးပေါက် ခြိမ်းခြောက်မှုတွေ
ပြုလုပ် နိုင်ခဲ့ပြီး ပွဲချိန် အစောပိုင်း အနီးကပ် ပိတ်သွင်းချက် ဘားတန်း ကျော်သွားလို့ နစ်နာ ခဲ့ရပါတယ်၊ သူတို့တွေ ဦးဆောင်ဂိုး ရနိုင်တဲ့ အနေအထား မျိုးကို ဖန်တီးပြ နိုင်ခဲ့ပြီး အသုံးမချ နိုင်ခဲ့လို့သာ လက်လွှတ်ခဲ့ ရတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ပထမပိုင်းမှာ ဂိုးမရှိ သရေကျ ခဲ့ပြီး သွင်းဂိုးတွေ မမြင်ခဲ့ရဘဲ နှစ်ဘက် အသင်း ပရိသတ်တွေ အနေနဲ့ မချင့်မရဲ ဖြစ်ခဲ့ရပါတယ်၊ ဒုတိယပိုင်း အစမှာလည်း လိဒ်တို့ အခွင့်အရေး ၂ ကြိမ် ရရှိခဲ့ပြီး
ဒီဂီယာ ပုတ်ထုတ်လို့ တကြိမ် ဂိုးပေါက်မတည့် လို့ တကြိမ် ဆုံးရှုံး ခဲ့ပါတယ်၊ ပွဲက ဒုတိယပိုင်းမှာ ပိုသွက်လာခဲ့ပြီး လိဒ် အသင်းရဲ့ ခြိမ်းခြောက်မှုတွေက တော်တော်လေး ကြောက်စရာ ကောင်းခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ နောက်ပိုင်း မာတီနက်ဇ် ကို ထည့်ခဲ့ပြီး ပွဲစဉ်ကို ထိန်းချုပ်ခဲ့ရပြီး ဒါလေ့ာ ရဲ့ အပိုင် ကန်ချက် တိုင်ထိထွက်ခဲ့တာက မန်ချက်စတာ ယူနိုက်တက် အတွက် နစ်နာခဲ့ရ ပါသေးတယ်။
ဟယ်ရီ မက်ဂွိုင်းယား ကတော့ အမှားတွေ များနေခဲ့ပြီး ဘောလုံးရတိုင်း ရင်ထိတ်စရာတွေ ပေးစွမ်းနေခဲ့ကာ ပွဲကစားချိန် မိနစ် ၈၀ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အဖွင့်ဂိုး ရရှိသွားခဲ့ပါတယ်။
ဆာဘစ်ဇာ က လုခ်ရှော ကို ကွင်းလယ် ကနေ ကန်တင် ပေးမှုက တဆင့် လုခ်ရှော က ထပ်ဆင့် ကန်တင် ပေးခဲ့တာကို ရပ်ရှ်ဖို့ဒ် က ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်၊ ဒီဂိုးကို VAR ပြန် ကြည့်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်
လူမကျွံခဲ့လို့ ဂိုးရ သွားခဲ့ပါတယ်၊ ၈၅ မိနစ်မှာတော့ ဂါနာချို က ဝက်စ်ဟော့ ရဲ့ လှတဲ့ ပေးပို့မှုမှ နောက်ထပ် တစ်ဂိုး ထပ်မံ သွင်းယူကာ မန်ချက်စတာ ယူနိုက်တက် အသင်း လိဒ်ကို ၀-၂ နဲ့ အဝေးမှာ နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။
credit