လိဒ် ယူနိုက်တက် 0-2 မန်ချက်စတာ ယူနိုက်တက် နှင်းဆီဒါဘီ ရဲ့ ပထမဆုံး မှတ်တမ်းဝင် ကစားသမား ဖြစ်လာတဲ့ ဂါနာချို
|မန်ချက်စတာ ယူနိုက်တက် လူငယ် ကြယ်ပွင့်လေး ဂါနာချို ဟာ မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ် ယူနိုက်တက် 0-2 မန်ချက်စတာ ယူနိုက်တက် ပရီးမီးယားလိဂ် ပွဲစဉ်မှာ လူစားဝင်ရောက် ကစားခဲ့ရပြီး
မန်ချက်စတာ ယူနိုက်တက် အတွက် နိုင်ပွဲ သေချာစေမယ့် သွင်းဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပြီး မန်ချင်စတာ ယူနိုက်တက် နဲ့ လိဒ် ယူနိုက်တက် တို့ရဲ့ နှင်းဆီ ဒါဘီ မှာ အသက် အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမား အဖြစ်
မှတ်တမ်း ဝင်ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့ လိဒ် ယူနိုက်တက် ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဥ်ကို နှင်းဆီ ဒါဘီ လို့ လူသိများပြီး နှင်းဆီ ဒါဘီ က အင်္ဂလန်နိုင်ငံ ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီပွဲ ၁၀ ပွဲထဲမှာပါ
ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ သမိုင်း အစဉ်အလာ အရ နှင်းဆီ ဒါဘီ က မန်ချက်စတာ ဒါဘီ ထက်တောင် ပိုပြီး အကြိတ်အနယ် ရှိပါသေးတယ်၊ ဒါကြောင့်ပဲ ယမန်နေ့ ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ် ယူနိုက်တက် အသင်းနဲ့
မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နှစ်သင်း စလုံးရဲ့ ကစားသမား တွေရော ပရိသတ်တွေ ကပါ တပွဲလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ ကြပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ မှန်ကန်တဲ့
လူစားလဲမှု၊ မှန်ကန်တဲ့ ကစားကွက် အပြောင်းအလဲ တို့ကြောင့်သာ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ နောက်ကျ အနိုင်ဂိုးတွေနဲ့ လိဒ် ယူနိုက်တက် အသင်းကို အနိုင် ရရှိခဲ့တာပါ၊ လိဒ် ယူနိုက်တက် 0-2 မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ
မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုးတွေကို ပွဲချိန် ၈၀ မိနစ်မှာ အဓိက တိုက်စစ်မှူး မားကပ်စ် ရက်ဖို့ဒ် နဲ့ ပွဲချိန် ၈၅ မိနစ်တို့မှာ လူစားဝင် လူငယ် ကစားသမားလေး ဂါနာချို တို့က အသီးသီး သွင်းယူပေးခဲ့ ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ရဲ့ ဒုတိယ အနိုင်ဂိုး ပိုင်ရှင် ဂါနာချို ဟာ လိဒ် ယူနိုက်တက် ကို ဂိုးသွင်း ယူချိန်မှာ အသက် ၁၈ နှစ်နဲ့ ၁၉၇ ရက်သာ ရှိသေးတာကြောင့် မန်ချက်စတာ ယူနိုက်တက် နဲ့ လိဒ် ယူနိုက်တက် တို့ရဲ့
နှင်းဆီ ဒါဘီ သမိုင်းတလျှောက် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒါ့အပြင် ဂါနာချို က ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံး ရာသီမှာ လူစားဝင် ကစားသမား အဖြစ်
ဝင်ရောက် ကစားပြီး စုစုပေါင်း ဂိုး ပါဝင် ပတ်သတ်မှု ၄ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ဒီရာသီ အကောင်းဆုံး လူစားဝင် ကစားသမား အဖြစ်လည်း ရပ်တည် နေနိုင်ပါ သေးတယ်။
credit