ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိပေမယ့် ချန်ပီယံဆု စိန်ခေါ် ဒီရာသီမှာ မဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုလာတဲ့ မီကာ ရစ်ချက်

မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ တိုက်စစ်မှာ မန်ချက်စတာ စီးတီး နဲ့ အာဆင်နယ် အသင်းတို့ကို မယှဉ်နိုင်လို့ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆု စိန်ခေါ်ဖို့ အတွက် လုံးဝ မဖြစ်နိုင်ဘူး။ လို့




မီကာ ရစ်ချက် က သုံးသပ် ပြောဆိုသွား ခဲ့ပါတယ်၊ ဒီအပတ်မှာ အာဆင်နယ် အသင်းက ဘရန့်ဖို့ဒ် ကို သရေ ကျပြီး အမှတ်လျော့ နေချိန်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ လိဒ်စ် ယူနိုက်တက် ကို အနိုင်ယူ ခဲ့သလို




မန်ချက်စတာ စီးတီး အသင်းက အက်စတွန် ဗီလာ ကို ဂိုးပြတ် အနိုင် ကစားခဲ့ပါတယ်၊ လက်ရှိ အမှတ်ပေးဇယားမှာ အာဆင်နယ် အနေနဲ့ ထိပ်မှာ ရှိနေသေးပေမယ့် မန်ချက်စတာ စီးတီး က ၃ မှတ် အကွာ




မန်ချက်စတာ ယူနိုက်တက် က ၅ မှတ် အကွာမှာ ရှိနေပါတယ်၊ အဲရစ် တန်ဟက်ဂ် ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အရှိန်ကောင်း ရလာပြီး ချန်ပီယံဆု အတွက် ထည့် စဉ်းစားလာ ရပေမယ့် မန်ချက်စတာ စီးတီး ကြယ်ပွင့်ဟောင်း မီကာ ရစ်ချက် က




အဲဒီလို မယူဆနိုင် ဖြစ်နေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ထိပ်တန်း တိုက်စစ်မှုး ရှိ မနေတာကြောင့် ပြိုင်ဘက် နှစ်သင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး လို့ မီကာ ရစ်ချက် က ယုံကြည် နေတာ ဖြစ်ပါတယ်။




မီကာ ရစ်ချက် က- မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သတ်ပြီး ကျနော် မြင်မိတဲ့ တစ်ခုတည်းသော ပြသနာက နံပါတ် ၉ နေရာပါပဲ၊ သူတို့ အငှား ခေါ်ယူထားတဲ့ ဝက်ဟောက်စ် က ကစားသမားကောင်း တစ်ယောက်ပါ၊ ချိတ်ဆက် ကစားတာလည်း ကောင်းတယ်။




ဒါပေမယ့် သူက မန်ချက်စတာ ယူနိုက်တက် ချန်ပီယံ ပြေးလမ်းမှာ ရှိနေနိုင်ဖို့ အတွက် လုံလောက်တဲ့ ဂိုးတွေ သွင်းပေးနိုင်တဲ့ သူလား? မေးချင်တယ်၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် အနေနဲ့လည်း အကောင်းဆုံး ပုံစံတွေ ပြသနေတယ်၊ ဒါပေမယ့် သူကရော




အဲဒီလို ခြေစွမ်းကို ရာသီကုန် အထိ ထိန်းထား နိုင်ပါ့မလား? အာဆင်နယ် အသင်းမှာ အခု ဂါဘရီရယ် ဂျေးဆု ပြန်လာတော့မယ်၊ မန်ချက်စတာ စီးတီး မှာလည်း ဟာလန်း ရှိနေတယ်၊ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ထားတဲ့ ဂျူလီယန် အဲဗားရက်စ် လည်း အရန်ခုံမှာ




ရှိ နေသေးတယ်။ လို့ မီကာ ရစ်ချက် က ထောက်ပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်၊ ဝက်ဟောက်စ် က ဇန်နဝါရီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အငှားနဲ့ ပြောင်းရွှေ့ လာသူ ဖြစ်ပါတယ်၊ ဒါပေမယ့်

ကစားထားတဲ့ ပွဲစဉ် ၈ ပွဲမှာ ၁ ဂိုးသာ သွင်းယူ နိုင်သေးပြီး မာရှယ် ကလည်း တောက်လျောက် ဒဏ်ရာ ရရှိ နေတတ်သူ ဖြစ်တာကြောင့် ဝက်ဟောက်စ် ကိုသာ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က အားထား နေခဲ့ရပါတယ်။

credit