လိဒ် ယူနိုက်တက် ကို အနိုင်ရခဲ့ပေမယ့် အဲရစ် တန်ဟက်ဂ် ကို ပြစ်တင် ဝေဖန်လိုက်တဲ့ ဂယ်ရီ နဗီးလ်
|ဂယ်ရီ နဗီးလ် က အသင်းဟောင််း အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ရှိသလား ဆိုတဲ့ မေးခွန်း အတွက် အဖြေပေးရင်း နည်းပြချုပ် Erik Ten Hag ကို ပြစ်တင် ဝေဖန် သွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ Elland Road မှာ လိဒ်စ် ယူနိုက်တက် နဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ကစားခဲ့ရပြီး ကြားရက်က အိမ်ကွင်းမှာ သရေ ရလဒ်် ထွက်ပေါ်ခဲ့တဲ့ ရလဒ်ဆိုးကို 0-2 နဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲစဥ်ရဲ့
ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် က ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့ပေမဲ့ အခွင့်အရေးနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုမှာတော့ လိဒ်စ် က အသာရခဲ့ပါတယ်၊ ဒီဂီယာ လက်စွမ်းပြခဲ့တာကြောင့် ပထမပိုင်းမှာ 0-0 ရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ အဲရစ် တန်ဟက်ဂ် က မာတီနက်ဇ်၊ ဘစ်ဆာကာ၊ ဂါနာချို တို့ကို ထည့် ကစားစေခဲ့ပြီး ကစားပုံ ကျစ်လျစ် လာခဲ့ပါတယ်၊ ဘယ်ခံစစ် နေရာကို ပြန် ရောက်လာတဲ့ လုခ်ရှောကလည်း မားကပ်စ် ရပ်ရှ်ဖို့ နဲ့ အကောင်းဆုံး တွဲဖက် ကစားနိိုင်ခဲ့ပြီး
အဖွင့်ဂိုး ရရှိစေခဲ့ပါတယ်၊ ဒီနောက် 5 မိိနစ် အကြာမှာ ဂါနာချို က နောက်တစ်ဂိုး သွင်းယူပေးခဲ့ပြီး နှစ်ဂိုးပြတ် နိုင်ပွဲ ရရှိသွား ခဲ့ပါတယ်၊ အဆိုပါ ရလဒ်ကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ အမှတ်ပေးဇယား
အဆင့် 1 နေရာက အာဆင်နယ် အောက် 5 မှတ်အကွာ ရောက်ရှိခဲ့ပြီး အဆင့် 2 နေရာကို ယာယီ တက်လှမ်းနိုင် ခဲ့ပါတယ်၊ ဒါပေမယ့် မန်စီးတီး အနိုင်ရခဲ့ တာကြောင့် အဆင့် 3 နေရာကို ဆင််းခဲ့ရတာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီအစ ကထက်
တိုးတက််လာခဲ့ပြီး အမှတ်ပေး ဖလား ပြိုင်ပွဲမှာလည်း အောက်ခြေကနေ အဆင့် 1 နား ကပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်၊ ဆုဖလား ဆွတ်ခူး နိုင်မလားလို့ မေးခွန်းထုတ်် ခံရချိန်မှာတော့ ဂယ်ရီ နဗီးလ် က- ‘Title Race မှာ ရှိနေကြတယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။
ဒုတိယပိုင်း ကစားပုံကို ကြည့်ရချိန်မှာ သူတို့တွေ ဂိုးသွင်းနိုင်မှာ မဟုတ်ဘူး၊ နိုင်ပွဲ ရမှာ မဟုတ်ဘူးလို့ ထင်ခဲ့မိသေးတယ်၊ ဒီတစ်ပါတ်မှာ အဲရစ် တန်ဟက်ဂ် က ဘာစီလိုနာ နဲ့ ပွဲစဥ် အတွက်် တွေးနေတယ် ထင်တယ်။
ဗာရန်း နဲ့ မာတီနက်ဇ် ကို အရန်ခုံမှာ ထားခဲ့ပြီး ဘာစီလိုနာ နဲ့ ပွဲအတွက် အနားပေးခဲ့ပြီး ရှောနဲ့ မက်ဂွိုင်းယား ကို ပွဲထုတ်ခဲ့တယ်၊ သူသာ ပရီးမီးယားလိဂ်ကို ဦးစားပေး ချင်တယ် ဆိုရင် အလေးပေး အာရုံစိုက်ခဲ့ရမှာပါ။ ဒါပေမယ့် သူ လူ အပြောင်းအလဲတွေ လုပ်ဆောင်ပြီး စွန့်စားမှု လုပ်ခဲ့တယ်။
ဒီနေ့တော့ အလုပ် ဖြစ်သွားခဲ့တယ် ၊ ကစားရဦးမယ့် ပွဲစဥ်တွေ အများကြီး ရှိနေသေးတယ်၊ ပရီးမီးယားလိဂ် ဆွတ်ခူးနိုင်မှာ မဟုတ်ပါဘူး၊ မန်စီးတီး၊ အာဆင်နယ် တို့နဲ့လည်း တူညီတဲ့ level မှာ မရှိ နေသေးဘူး။’ လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
credit