မန်ချက်စတာ ယူနိုက်တက် ပရီးမီးယားလိဂ် ဆုဖလား ရနိုင်ချေအပေါ် သုံးသပ် တင်ဆက်သွားတဲ့ မိုက်ကယ် အိုဝင်
|ဒီအပတ် လိဒ်စ် ယူနိုက်တက် ကို အဝေးကွင်းမှာ အနိုင် ရရှိခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ် ကို အမီလိုက်နိုင်စွမ်း ရှိတယ်လို့ မိုက်ကယ် အိုဝင်က ဆိုခဲ့ပါတယ်။
မန်စီးတီး က အက်စ်တွ န်ဗီလာ ကို အနိုင်ရပြီး အဆင့် ၂ နေရာကို ပြန်လည် ရယူသွားပေမယ့် မန်ချက်စတာ ယူနိုက်တက် ဟာ စောင့်ကြည့်ရမယ့် အသင်း ဖြစ်လာ နေခဲ့ပါပြီ၊ လာမယ့် အပတ်တွေ အတွင်း
အာဆင်နယ် နဲ့ မန်စီးတီး ကို နှစ်ကြိမ် ထိပ်တိုက် တွေ့ဖို့ ရှိနေသေးတာက မန်ချက်စတာ ယူနိုက်တက် အတွက် အခွင့်အရေးကောင်း ဖြစ်လာနိုင်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကို ဖလား စိန်ခေါ်သူတွေ အဖြစ်
မြင်လားလို့ မေးမြန်းခဲ့ရာ မိုက်ကယ် အိုဝင် က-သေချာတာပေါ့၊ မန်စီးတီး နဲ့ အာဆင်နယ် က လွန်ခဲ့တဲ့ လ အနည်းငယ် တုန်းကလို စွမ်းဆောင်ရည်တွေနဲ့ ကစား နေခဲ့ရင် ဖလားပြိုင်ပွဲက သူတို့ နှစ်သင်းကြားမှာပဲ
ရှိ နေမှာပါ၊ ဒါပေမယ့် အခု နှစ်သင်းလုံး ခလုတ်တိုက် လာနေတယ်၊ အာဆင်နယ် က နောက်ဆုံး ၂ ပွဲမှာ ၁ မှတ်ပဲ ရတယ်၊ မန်စီးတီး ကလည်း အံ့ဩစရာတွေ ဆက်တိုက် လုပ်ပြနိုင်ခြင်း မရှိတော့ဘူး၊ သူတို့တွေ
နှစ်ကြိမ်တောင် ထိပ်တိုက် တွေ့ရဦးမှာ မလို့ အမှတ်တွေ လျော့ဦးမှာပါ၊ ဒါကြောင့် ဖလား ပြိုင်ပွဲထဲမှာ မန်ချက်စတာ ယူနိုက်တက် ကို ထည့်ရမယ်၊ ကစားရမယ့် ပွဲတွေ အများကြီး ရှိနေပါသေးတယ်။ လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
credit