ဘာစီလိုနာ နဲ့ ပွဲစဉ်မှာ လွဲချော်မယ့် အဓိက ကစားသမား တွေကို အတည်ပြု ထုတ်ပြန်သွားတဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခု တစ်ပတ်မှာ ယူရိုပါလိဂ် ရှုံးထွက် အဆင့် ပထမ အကျော့ ကစားရမှာ ဖြစ်ပြီး စပိန်လာ လီဂါ ထိပ်တန်း ကလပ် ဘာစီလိုနာ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။




နူးကမ့် မှာ ကစားရမှာ ဖြစ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ခက်ခဲတဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်လာမှာ ဖြစ်ပြီး အဓိက ကစားသမား အများစု လွဲချော်မှာ ဖြစ်ကြောင်း သိရပါတယ်။ လွဲချော်မယ့် စာရင်းကို




မန်ချက်စတာ ယူနိုက်တက် ကထုတ်ပြန်ခဲ့ပြီး အားသာချက် တစ်ခု အနေနဲ့ အဓိက ကွင်းလယ်လူ ကတ်စမဲရိုး ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ်၊ ဒါက မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် Erik Ten Hag အတွက်




စိတ်သက်သာရာ တစ်ခုလို့ ဆိုရတော့မှာပါ၊ လွဲချော်ဖို့ ရှိတဲ့ ကစားသမားတွေ ကတော့ ဒဏ်ရာရ ကစားသမားတွေ အပါအဝင် စုစုပေါင်း ၇ ယောက်ထိ ပါဝင်နေတာပါ၊ အားထားရတဲ့ ခံစစ်မှုး မာတီနက်ဇ် အနေနဲ့လည်း




နူးကမ့် ကို သွားမယ့် ပွဲစဥ်မှာ ပါဝင် ကစားခွင့် ရရှိမှာ မဟုတ်ပါဘူး၊ ယူရိုပါလိဂ် အုပ်စု အဆင့် ပွဲစဥ်တွေမှာ အဝါကဒ် ၃ ကြိမ် ပြသ ခံထားရ တာကြောင့် ဘာစီလိုနာ နဲ့ ပထမ အကျော့ကို လွဲချော်ရမှာ ဖြစ်ပါတယ်။




နောက်ထပ် ပါဝင်နိုင်မှာ မဟုတ်တဲ့ ကစားသမားတွေ ကတော့ ကာလရှည် ဒဏ်ရာ ရထားတဲ့ အဲရစ်ဆင် နဲ့ ဗန်ဒီဘိခ် တို့ ၂ ဦး ဖြစ်ပါတယ်၊ ဒါ့အပြင် အပေါ့စား ဒဏ်ရာ ရရှိထားကြတဲ့ တိုက်စစ်မှုး မာစီယဲလ်




အန်တိုနီ နဲ့ တွမ်မိနေးလ် တို့လည်း လွဲချော်ရအုံးမှာ လို့ အတည်ပြု ထားခဲ့ပါတယ်၊ သို့ပေမယ့်လည်း နည်းပြကြီး Erik Ten Hag က အကောင်းဆုံး အခင်းအကျင်းနဲ့ ဘာစီလိုနာ အသင်းကို ယှဥ်ပြိုင် သွားမှာ ဖြစ်ပါတယ်။

credit