အသင်းပိုင်ရှင်သစ် ကူရှာခဲ့တဲ့ ကစားသမားဟောင်း၊ အပြီးသတ် ခေါ်ယူဖွယ် ရှိလာတဲ့ အငှား ကြယ်တစ်ပွင့်နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ
|(၁) မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူရန် အတွက် Ratcliffe ၏ ကမ်းလှမ်းမှုမှာ ဒေါ်လာ ၄ ဘီလီယံ ထက် ပိုမည် မဟုတ်ကြောင်း သိရှိရပါတယ်။
ကာတာ နိုင်ငံရဲ့ ဥသျှောင် စော်ဘွား Al-Thani ရဲ့ ကမ်းလှမ်းမှု မှာတော့ ဒေါ်လာ ၄ ဘီလီယံထက် ပိုများနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် တာဝန် ရှိသူများကတော့ ၄င်းတို့ ၂ ဦးလုံးဟာ အသင်းကို ဝယ်ယူနိုင်မည်ဟု ယုံကြည်လျှက် ရှိနေပါတယ်။
(၂) မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် လက်ရှိ DC United နည်းပြ ဖြစ်သူ Wayne Rooney ဟာ ဆောက်သမ်တန် အသင်း နည်းပြချုပ် ရာထူးအတွက် စိတ်ဝင်စားမှု ရှိကြောင်း talkSPORT က ဖော်ပြ သွားခဲ့ပါတယ်။
(၃) အငှား လာရောက် ကစားနေတဲ့ ဆာဗစ်ဇာ က ၎င်းရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ယခုလို ပြောဆိုသွား ခဲပါတယ်၊ ဆာဗစ်ဇာ က- အခု အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို အငှားနဲ့ လာ ကစားနေပါတယ်။
ဒါက ကျွန်တော် ပြောနိုင်သမျှပါပဲ၊ ကျွန်တော် ဒီနေရာကို ကြိုက်ပါတယ်၊ ဒီမှာနေရတာ ကျွန်တော့် အနေနဲ့ အရမ်းကောင်းတယ်လို့ ခံစားရတယ်၊ အသင်းနဲ့
အိုးလ်ထရက်ဖို့ဒ် ရဲ့ အခြေအနေကို နှစ်သက်မှု ရှိပြီး နွေရာသီမှာတော့ ဘာတွေဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ အားလုံး မြင်တွေ့ရမှာပါ။ လို့ ပြောဆိုခဲ့ပါတယ်။
(၄) ဘိုင်ယန်မြူနစ် အသင်းက ၎င်းတို့ရဲ့ ကွင်းလယ်လူ ဆာဘစ်ဇာ ကို ရောင်းထုတ်ဖို့ လမ်းဖွင့် ထားကြောင်း သိရှိရပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း လက်ရှိ ဆာဗစ်ဇာ ရဲ့ ခြေစွမ်း အပေါ် ကျေနပ်မှု
ရှိနေတာကြောင့် အပြီးသတ် ခေါ်ယူဖို့ရာ အလားအလာ ရှိနေကြောင်း Sky Sport သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။
(၅) မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူ ဒေးဗစ် ဘက်ခမ်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အလျင်မြန် ရောင်းချနိုင်ရေး အတွက်
မျက်နှာစာ အဖြစ် ရင်းနှီးမြုပ်နှံသူ အသီးသီးကို ဆက်သွယ်ခဲ့ကြောင်း သိရပါတယ်၊ ဒါပေမယ့် ဒေးဗစ် ဘက်ခမ်း ရဲ့ အဆိုပါ ဆက်သွယ်မှုများ အားလုံးဟာ ငြင်းပယ် ခံထားရကြောင်း Telegraph သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။
credit