ခြေစွမ်းကောင်းလာပြီ ဖြစ်ပေမယ့် လိုအပ်ချက် သုံးချက် ရှိကြောင်း ရပ်ရှ်ဖို့ဒ်ကို သတိပေး ပြောဆိုလိုက်တဲ့ ဖာဒီနန်
|မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဖာဒီနန် က ရပ်ရှ်ဖို့ဒ် အနေနဲ့ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်ဖို့ နေရာ သုံးခုမှာ တိုးတက်ဖို့ လိုကြောင်း ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရာသီမှာ ဒဏ်ရာ ခွဲစိတ် ကုသခဲ့ပြီးနောက် ခြေစွမ်းကောင်း ပြသဖို့ ရုန်းကန်ခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ် ဟာ တစ်ရာသီလုံး အတွက်် 5 ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာတော့ အကောင်းဆုံး ပုံစံတွေ ပြန်လည် ပြသနေတာပါ။
ရပ်ရှ်ဖို့ဒ် ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အတွက် 3 ပွဲသာ ဂိုး မသွင်းနိုင်ခဲ့ပြီး ကျန် ပွဲစဥ်တိုင်းမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး နည်းပြချုပ် Erik Ten Hag နဲ့ အံဝင်သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဖာဒီနန် က ရပ်ရှ်ဖို့ဒ် အနေနဲဲ့ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်ဖို့ ပွဲစဥ်တွေမှာ ပိုပြီး လွှမ်းမိုးနိုင်ပြီး ဘောလုံး ထိန်းသိမ်းနိုင်စွမ်း ရှိဖို့ လိုသေးပြီး လှုပ်ရှားမှု ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက် မှန်ကန်ဖို့
ကြိုးစားရအုံးမယ်လို့ ဆိုပါတယ်၊ ‘ ရပ်ရှ်ဖို့ဒ် အနေနဲ့ ပွဲချိန် မိနစ် 90 လုံး လွှမ်းမိုးနိုင်ဖို့ နဲ့ အသင်းဖော်တွေ ပိုမို ပါဝင် ကစားပေးခွင့် ရရှိနိုင်ဖို့ ကြိုးစား ရပါဦးမယ်၊ သူက ဘောလုံး ပေးပို့မှုတွေ ကောင်းပါတယ်၊ ဒါကို
ပြီးခဲ့တဲ့ ရာသီတုန်းက ကျွန်တော်တို့ မြင်ခဲ့ပြီးပါပြီ၊ ပုံစံကောင်း ပြသနိုင်ချိန် မှာတော့ အဖိုးတန််တဲ့ ဘောလုံး ပေးပို့မှုတွေ လုပ်နိုင်တာ ကျွန်တော်တို့ သိခဲ့ကြပါတယ်၊ သူ့ရဲ့ အသင်းဖော်တွေကို ပြေးလွှား လှုပ်ရှားနိုင်အောင်
လုပ်ဆောင် ပေးနိုင်သူပါ၊ ဒါပေမယ့် အသင််းဖော် နှစ်ဦး သုံးဦးလောက်နဲ့ အဲ့ဒီလို ချိတ်ဆက် ကစားနိုင်ပြီ ဆိုရင် ပိုကောင်းလာ ပါဦးမယ်၊ သူက ပွဲကို အလှည့်အပြောင်း ဖြစ်စေနိုင်သူ တစ်ဦး ဖြစ်ပြီး သူ့ဆီမှာ အဲ့ဒီလို အရည်အသွေးတွေ ရှိပါတယ်။
ဒီရာသီ ပွဲစဥ် အချို့မှာ လုပ်ပြနိုင်ခဲ့သေးတယ်၊ အဲ့တာတွေကို ပွဲစဥ်တိုင်း ပိုပြီး လုပ်ပြနိုင်စွမ်း ရှိရင် ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး ဖြစ်ပါလိမ့်မယ်၊ လက်ရှိ ခြေစွမ််း အရ ပြောရရမယ် ဆိုရင်တော့ အဲ့ဒီ အဆင့်ကို
ရောက်နိုင်ဖို့ အတွက် ရပ်ရှ်ဖို့ဒ် အနေနဲ့ သိပ်ပြီး အလှမ်း မဝေးတော့ပါဘူး၊ ဒါပေမယ့် သူ့ အနေနဲ့ ကြိုးစားဖို့တော့ လိုနေသေးတယ်။ လို့ ရီယို ဖာဒီနန် က လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit