ပရီးမီးယားလိဂ် ဆုဖလား ပြိုင်ဆိုင်မှု အတွက် စူပါ ကွန်ပျူတာ ရဲ့ ခန့်မှန်းချက် ထွက်ရှိလာပါပြီ
|ဒီ အပတ်မှာတော့ ထိပ်ဆုံး လေးသင်းထဲက နှစ်သင်း ရမှတ် ထိခိုက်ခဲ့ပြီး ကျန်နှစ်သင်း ကတော့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်၊ ယခုအခါမှာတော့ ရမှတ် ကွာဟချက် အပြောင်းအလဲတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ ဘရန့်ဖိုဒ် ကို သရေ ကျခဲ့ပြီး မန်စီးတီး အသင်းက အက်စတွန် ဗီလာ ကို အနိုင် ရရှိခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းက လိဒ်စ် ယူနိုက်တက် ကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီး
နယူးကာဆယ် အသင်းကတော့ သရေရလဒ် ထွက်ပေါ် ခဲ့တာ ဖြစ်ပါတယ်။ ဒီလို နိုင်ပွဲ ရှုံးပွဲတွေ အပြီးမှာတော့ ဇယားထိပ်က အာဆင်နယ် အသင်းကက ဒုတိယ နေရာမှ မန်စီးတီး အသင်းနဲ့ သုံးမှတ် အကွာမှာ ရှိနေပြီး
တတိယ နေရာက မန်ချက်စတာ ယူနိုက်တက် အသင်းထက် ငါးမှတ် အသာ ရထားတာ ဖြစ်ပါတယ်၊ နယူးကာဆယ် အသင်းနဲ့ အဆင့် ငါး နေရာက တော့တင်ဟမ် ဟော့စပါး ကြားမှာတော့ ရမှတ် နှစ်မှတ်သာ ကွာဟပါ တော့တယ်။
အချက် အလက် တွေကို အခြေခံ တွက်ချက်လေ့ ရှိတဲ့ FiveThirtyEight ရဲ့ စူပါ ကွန်ပျူတာ ကတော့ မနေ့ကပဲ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်၊ နောက်ဆုံး ပရီးမီးယားလိဂ် ခန့်မှန်းမှု ဇယားမှာ
မန်ချက်စတာ ယူနိုက်တက် အသင်းကို ချန်ပီယံ ဆု အတွက် ယှဉ်ပြိုင်နိုင်မယ့် အသင်း အဖြစ်တော့ ထည့်မတွက် ထားခဲ့ပါဘူး၊ စူပါ ကွန်ပျူတာ ရဲ့ နောက်ဆုံး ဇယားမှာ မန်စီးတီး အသင်းနဲ့ အာဆင်နယ် အသင်းတို့
ပရီးမီးယားလိဂ် ချန်ပီယံ ဆု အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ဆယ်မှတ် အကွာကနေ အဆင့် သုံးနဲ့ ရာသီသိမ်းမယ်လို့ ဖော်ပြ သွားခဲ့ပါတယ်။
ထိပ်ဆုံး လေးသင်း အဖြစ် မန်ချက်စတာ စီးတီး၊ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့ နယူးကာဆယ် အသင်းတို့ ဖြစ်ပါတယ်။ မန်ချက်စတာ စီးတီး နဲ့ အာဆင်နယ် အသင်းကတော့ အမှတ်တူ ၈၂ မှတ်စီ
ရရှိသွားမယ်လို့ ဖော်ပြသွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲ နိုင်ခြေ ၄၈ % ချင်း အတူတူ ရရှိ ထားပါတယ်၊ FiveThirtyEight စူပါ ကွန်ပျူတာ ရဲ့ နောက်ဆုံးထွက် အမှတ်ပေးဇယား ခန့်မှန်းမှုကတော့-
အထက်ပါ ဖော်ပြချက် အတိုင်း ဖြစ်ပါတယ်။ မနေ့ညက မာဆေးဆိုဒ် ဒါဘီ နိုင်ပွဲ ရရှိသွားတဲ့ လီဗာ ပူး အသင်းကိုတော့ အဆင့် ခုနှစ် လို့ စူပါ ကွန်ပျူတာ က ဆိုထားပြီး ချဲလ်ဆီး အသင်းကိုတော့ အဆင့်ရှစ် နေရာ အဖြစ် တွက်ချက်ထားပါတယ်။
တန်းဆင်းရမယ့် အသင်း သုံးသင်း အဖြစ်ကတော့ အဲဗာတန် အသင်း၊ ဘုန်းမောက် အသင်းနဲ့ ဆောက်သမ်တန် အသင်းတို့ကို ရွေးထုတ် သွားခဲ့ပါတယ်။
credit