အခြား အသင်းတွေမှာ မရှိဖူးတဲ့ အရာကို မန်ချက်စတာ ယူနိုက်တက် လုပ်ခဲ့ပြီး ပရီးမီးယားလိဂ် ဆုဖလားက မန်ချက်စတာ ယူနိုက်တက် အတွက် ဖြစ်နိုင်ကြောင်း ရှင်းပြလိုက်တဲ့ ဖာဒီနန်
|ဖာဒီနန် က လိဒ်စ် ယူနိုက်တက် အသင်းနဲ့ ကစားခဲ့တဲ့ အဝေးကွင်း ပွဲမှာ အသင်းဟောင်းဟာ အဓိက ခံစစ်မှူးတွေ မပါပဲ Clean Sheet ယူနိုင်ခဲ့တာ ထူးခြားကြောင်း ဒါမျိုး အခြား ပရီးမီးယားလိဂ် အသင်းတွေမှာ မရှိဘဲ
မန်ချက်စတာ ယူနိုက်တက် က ပထမဦးဆုံး ဖြစ်ခဲ့တာ အတွက် ကျေနပ်မိကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြားရက် က အိုးလ်ထရပ်ဖို့ဒ်မှာ လိဒ်စ်နဲ့ ရင်ဆိုင် ကစားခဲ့ပြီး အဓိက ကစားသမားတွေ
စုံလင်အောင် ထည့်သွင်း ကစားစေခဲ့ပေမယ့် 2-2 ရလဒ်သာ ရရှိခဲ့ပြီး ဒီနောက် ရက်ပိုင်း အကြာမှာ Elland Road မှာ ပြန် ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် Erik Ten Hag က ဘာစီလိုနာ နဲ့ ဆုံတွေ့ရမယ့် ပွဲစဉ် အတွက်
အဓိက ကစားသမား အများအပြားကို အနားပေးခဲ့တာ ဖြစ်ပါတယ်၊ ဗာရန်း၊ မာတီနက်ဇ် တို့ အရန်ခုံမှာ ထာရှိခဲ့ပြီး ဒီအတွက် ဝေဖန်မှု တွေလည်း ခံခဲ့ရပါတယ်၊ ဒါပေမယ့် လက်တွေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဘာလဲ ပြသနိုင်ခဲ့ပြီး
Clean Sheet ပါ ရယူသွားခဲ့ပါတယ်။ ဒီဂီယာ လက်စွမ်း ပြခဲ့ပြီး လုခ်ရှော၊ ရပ်ရှ်ဖို့ဒ်၊ နဲ့ ဂါနာချို တို့ကလည်း ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့ပါတယ်၊ ဖာဒီနန် က- တကယ့်ကို ကျေနပ်စရာ ကောင်းခဲ့တာက ကျွန်တော်တို့ အဓိက ခံစစ်မှူး နှစ်ဦး ဗဟိုခံစစ် နေရာမှာ မပါပဲ
Clean Sheet ရယူခဲ့တာပါပဲ၊ ကျွန်တော် အခြား ပရီးမီးယားလိဂ် ကလပ်အသင်းတွေမှာ ဒါမျိုး မရှိခဲ့ဖူးလို့ ပိုကျေနပ်မိတယ်၊ သူတို့တွေ မပါဝင်ပဲ Clean Sheet ရယူနိုင်ခဲ့တာက သိပ်ကို ထူးခြားတယ်။
အကြီးမားဆုံး ကျေနပ်စရာ ပါပဲ၊ ရပ်ရှ်ဖို့ဒ် ဂိုးသွင်းတယ်၊ ဒါက သိပ်တော့ အံ့အားသင့်စရာ မဟုတ်ပါဘူး၊ ရပ်ရှ်ဖို့ ဂိုးသွင်းတာ ဆက်တိုက်မြင်တွေ့ နေရတာပဲ၊ မက်ဂွိုးယား၊ လုခ်ရှော တို့ ဗဟိုခံစစ်မှူး အဖြစ် ပါဝင်ခဲ့တယ်။
ကျွန်တော် တို့ အသင်းက တိုက်စစ်ကောင်းတဲ့ ပြိုင်ဘက် အသင်းနဲ့ ပွဲမှာ Clean Sheet ရယူခဲ့တာပါ။ ယုံကြည်မှု တည်ဆောက်ရေးမှာ line up တင်မဟုတ်ဘူး၊ ကျန်တဲ့သူတွေပါ ကောင်းဖို့ လိုပါတယ်။
အခု မန်ချက်စတာ ယူနိုက်တက် အသင်းက ရာသီကုန်မှာ ကောင်းမွန်တဲ့ နေရာကို ရောက်ဖို့ ခြေလှမ်းလှမ်းနေပါပြီ၊ သူတို့ ပရီးမီးယားလိဂ် ဆုဖလားတောင် ရယူသွားနိုင်လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
credit