ပီအက်စ်ဂျီမှ အခြား နာမည် တခုနဲ့ မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ ကမ်းလှမ်းလာတဲ့ အပေါ် UEFA မှ ထုတ်ပြန်ချက် တခု ကြေငြာ

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းကို ကာတာဘက်က ဝယ်ယူမယ့် အလားအလာ အပေါ် (UEFA) က တားမြစ်မှာ မဟုတ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်၊ ဥရောပ ပြိုင်ပွဲတွေမှာ




အသင်းပိုင်ရှင် တစ်ဦးက အသင်းများစွာကို ထိန်းချုပ် ထားခြင်းကို ပိတ်ပင်ထားတဲ့ UEFA စည်းမျဉ်းတွေ အရ ကာတာ အခြေစိုက် အကျိုးတူ အဖွဲ့အစည်း တစ်ခုက မန်ချက်စတာ ယူနိုက်တက် အသင်းကို




ဝယ်ယူမယ် ဆိုရင် အခက်အခဲ ရှိတယ်လို့ ယူဆချက်တွေ ထွက်ပေါ် နေခဲ့တာပါ၊ သီခြား စိုးရိမ်စရာ ကိစ္စ အဖြစ် ကာတာရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး မှတ်တမ်း တွေကြောင့် ပရီးမီးယားလိဂ် ဘက်က




ပိုင်ရှင် သစ်တွေကို လွယ်လွယ် ကူကူ လက်ခံ ပါ့မလား ဆိုတဲ့ အနေအထား ကလည်း ရှိနေပါသေးတယ်၊ ဒါပေမယ့် ဥရောပ ဘက်က အခြေအနေကို ပြန်ဆက်ရရင် ကာတာ အားကစား ရင်းနှီးမြုပ်နှံရေး အဖွဲ့ဟာ




ပြင်သစ် ကလပ် ပီအက်စ်ဂျီ အသင်းကို ပိုင်ဆိုင်ထား ပြီး ဖြစ်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းကို သီးခြား နာမည်တစ်ခု ကနေ ကမ်းလှမ်းမှု ပြုလုပ်မှာ ဖြစ်လို့ UEFA စည်းကမ်းတွေနဲ့




တိုက်ရိုက် ဆန့်ကျင်နေမှာ မဟုတ်ပါဘူး၊ သောကြာည ၁၀ နာရီ မတိုင်ခင် မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောင်းချဖို့ကို အမေရိကန် ရင်းနှီးမြုပ်နှံမှု ဘဏ် Raine က တာဝန် ယူထားတာ ဖြစ်ပြီး ကာတာဘက်က




မန်ချက်စတာ ယူနိုက်တက် အသင်းကို ကမ်းလှမ်းလာခဲ့မှုနဲ့ ပတ်သက်ပြီး ဘယ်လို ပြဿနာမျိုးမှ ရှိမှာ မဟုတ်ကြောင်း UEFA ဘက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်၊ ပီအက်စ်ဂျီ ဥက္ကဌ ကာတာ နိုင်ငံသား

အယ်ခီ လိုင်ဖီ ဟာ UEFA ဥက္ကဌ ဆယ်ဖာရင် နဲ့ ရင်းနှီး ကျွမ်းဝင်သူ ဖြစ်ပြီး ဆီဖာရင် ဟာ မနေ့က ပါရီမှာ ကစားခဲ့တဲ့ ပီအက်စ်ဂျီ နဲ့ ဘိုင်ယန်မြူးနစ် ပွဲမှာ အယ်ခီ လိုင်ဖီ ရဲ့ ဧည့်သည် အနေနဲ့ လာရောက်ခဲ့သေးတာ ဖြစ်ပါတယ်၊ ပီအက်စ်ဂျီ ကော ဘိုင်ယန်မြူးနစ် ကပါ




ဥရောပ စူပါလိဂ် တည်ထောင်လိုသူ ပိုင်ရှင်တွေထဲမှာ ပါဝင်ခြင်း မရှိတဲ့ အပေါ် UEFA က သဘောကျနေတာပါ၊ ဥရောပ ကနေ ခွဲထွက်မယ့် စူပါလိဂ်ရဲ့ ခြိမ်းခြောက်မှုက ဆက်ရှိ နေသေးတာမို့ ဆီဖာရင် ဟာ အယ်ခီ လိုင်ဖီ တို့နဲ့ ဆက်ဆံရေး

ခိုင်မာနေဆဲ ဖြစ်ပါတယ်။ အယ်ခီ လိုင်ဖီ ဟာ ဥရောပ ကလပ် အစည်းအရုံးရဲ့ ဥက္ကဌ ဖြစ်တဲ့ အပြင် နိုင်ငံ များစွာမှာ ဥရောပ ပွဲစဥ်တွေ ပြသခွင့် ပိုင်ဆိုင်ထားတဲ့ beIN မီဒီယာ အုပ်စုရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။

credit