ပရီးမီးယားလိဂ် title race မှာ ဘယ်အသင်းတွေ ရှိနေသလဲ ထုတ်ပြောလိုက်ပြီး မန်ချက်စတာ ယူနိုက်တက် ကို စိန်ခေါ်မှု တခု ပေးဆောင်လာတဲ့ ဂွာဒီယိုလာ
|မန်စီးတီး ဟာ ယနေ့ညမှာ အာဆင်နယ် နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဂွာဒီယိုလာ က ပရီးမီးယားလိဂ် title race မှာ အသင်း လေးသင်း ရှိကြောင်း ဆိုပါတယ်၊ အာဆင်နယ် နဲ့ မန်စီးတီး အသင်း ကြားမှာ ရမှတ် ကွာဟမှု
သုံးမှတ်သာ ရှိပြီး ယနေ့ည အမ်းမရိတ်က ပွဲစဉ်ဟာ နှစ်သင်းလုံး အတွက် အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်၊ ၂၀၀၄ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ် ဖလား ကို ပထမဆုံး အကြိမ် ဆွတ်ခူးနိုင်အောင်
ကြိုးစားနေတဲ့ အာဆင်နယ် ဟာ ဒီရာသီ လိဂ်ပွဲစဉ် ၂၁ ပွဲမှာ ၁၆ ပွဲ အနိုင်ရထားပြီး မန်စီးတီး အသင်းကတော့ အကောင်းဆုံး ပုံစံမှာ ရှိမနေပေမယ့် ယနေ့ညမှာ အာဆင်နယ် ကိုသာ လန်ဒန်မှာ အနိုင်ရခဲ့မယ် ဆိုရင်တော့
ဇယားထိပ် တက်လာမှာ ဖြစ်ပါတယ်၊ အာဆင်နယ် နဲ့ မန်စီးတီး ဟာ အမှတ်ပေး ဖလား ရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်နေ ကြပေမယ့် မန်ချက်စတာ ယူနိုက်တက် ဟာ အာဆင်နယ် နဲ့ ၅ မှတ် အကွာမှာ ရှိနေခဲ့ပါတယ်။
နယူးကာဆယ် အသင်းဟာလည်း top 4 တနေရာကို ရယူ ထားပေမယ့် နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ သရေ ကျခဲ့တာကြောင့် အာဆင်နယ် နဲ့ ၁၀ မှတ် အကွာမှာ ရှိနေပါတယ်၊ ဂွာဒီယိုလာ က မန်ချက်စတာ ယူနိုက်တက် နဲ့
နယူးကာဆယ် အသင်းတို့ အမှတ်ပေးဖလား ဆွတ်ခူးနိုင်ခြေ ရှိတယ်လို့ ယုံကြည်နေပြီ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့ နယူးကာဆယ် အသင်းတို့ title contenders တွေ အဖြစ် ယူဆသလား ဆိုတဲ့ မေးခွန်းကို ဂွာဒီယိုလာ က
သူတို့ title race ထဲမှာ ရှိနေတယ်၊ ကစားရမယ့် ရမှတ်တွေ အများကြီးပါ၊ လာမယ့် ရက်သတ္တပတ် တွေမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး၊ အထူးသဖြင့် ဥရောပ ပြိုင်ပွဲတွေ ပြန်လာနေပြီ။
အက်ဖ်အေ ဖလား ပွဲတွေလည်း ရှိနေ သေးတာကြောင့် တစ်စုံတစ်ရာ အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ကျနော် ခံစားမိပါတယ်၊ ရာသီကုန်ခါနီး ၈ ပွဲလောက်မှသာ ဘယ်သူတွေက title race ထဲမှာ ရှိသလဲ သိရမှာပါ။
ကျနော်တို့လည်း ဒီ race မှာ ရှိနေအာင် ကြိုးစားသွားရမှာပါ၊ ဖလား ဆွတ်ခူးနိုင်အောင် အစွမ်းကုန် အားထုတ် သွားပါမယ်၊ အကြီးမားဆုံး motivation ကတော့ ပရီးမီးယားလိဂ် title race ကနေ မထွက် ချင်တာပါပဲ။
ကျနော်တို့ ဒီလို အသင်း မဟုတ်လို့ပါ၊ အကယ်လို့ သူတို့ ကျနော်တို့ကို ကျော်ဖြတ် နိုင်ခဲ့မယ် ဆိုရင် သူတို့က ကျနော်တို့ထက် ပိုကောင်းလို့ပါ၊ ဒီလို ဖြစ်လာရင် ကျနော် သူတို့ကို ဦးစွာ ဂုဏ်ပြုသွားမှာပါ။
ဆုဖလား လိုချင်သလား? အိုကေပါ တိုက်ပွဲ၀င်ပါ၊ ဒါဟာ ကျနော်တို့ လက်ထဲမှာ ရှိနေသေးတယ်၊ ကျနော်တို့ နောက်ဆုံး အချိန်ထိ အမှတ်ပေး ဖလားကို ကာကွယ် သွားမယ်၊ ဒါမျိုးကို ကျနော် ကြိုက်တာပါ။
အမှတ်ပေး ဖလားကို ကာကွယ်ဖို့ အတွက် အစွမ်းကုန် တိုက်ပွဲ ၀င်တာကိုပေါ့။၊အကယ်လို့ ဒီလို မလုပ်နိုင်ဘူး ဆိုရင် လက်ခံပါတယ်၊ ကျနော်တို့ အစွမ်းကုန် ကြိုးစားဖို့ လိုအပ်တယ်၊ ကစားသမားတွေလည်း ဒီလိုပဲ ခံစားရမယ် ထင်ပါတယ်။
credit