မန်ချက်စတာ ယူနိုက်တက် နဲ့ ရင်မဆိုင်မီ Erik Ten Hag ကို မှတ်ချက်ပေးလာတဲ့ ဘာစီလိုနာ ဂိုးသမား တာစတီဂန်

ဘာစီလိုနာ ဂိုးသမား တာစတီဂန် က မနက်ဖြန် ညမှာ ယူရိုပါလိဂ် ရှံးထွက် ပလေးအော့ ပွဲစဉ် အဖြစ် ရင်ဆိုင် သွားရတော့မယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် ကို မှတ်ချက်ပေး ချီးကျူး စကား ဆိုလိုက်ပါတယ်။




ဘာစီလိုနာ နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နူးကမ့်မှာ ယူရိုပါလိဂ် ပလေးအော့ ပထမ အကျော့ ပွဲစဉ် အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒါပွဲက ဒီနှစ်သင်းကြား ၂၀၁၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံခြင်း ဖြစ်ပါတယ်။




နောက်ဆုံးအကြိမ် နူးကမ့်မှာ တွေ့ဆုံစဉ်က ဘာစီလိုနာ က သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး လက်ရှိမှာ နှစ်သင်းလုံး ပုံစံကောင်း ရရှိနေကာ ဘာစီလိုနာ က ၂၀၂၃ ခုနှစ် အတွင်း ကစားသမျှ ပွဲအားလုံး အနိုင်ရထားတာ ဖြစ်လို့ ယုံကြည်မှုအား ပိုကောင်းနေပါလိမ့်မယ်။




ဒါ့အပြင် ဒီရာသီမှာ ပေးဂိုး အလွန် နည်းပါးတဲ့ ဘာစီလိုနာ ခံစစ်ကို မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဘယ်လို ထိုးဖောက် ကျော်ဖြတ်မလဲ စိတ်ဝင်စားဖို့ ကောင်းနေပြီး အဲရစ် တန်ဟက်ဂ် ထုတ်သုံးလာမယ့်




နည်းစနစ် တွေကလည်း အားလုံးရဲ့ ယုံကြည်မှုကို ရရှိထားတာ ဖြစ်ပါတယ်၊ ဘာစီလိုနာ ဂိုးသမား တာစတီဂန် ကတော့ ရင်ဆိုင်ဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပတ်သတ်ပြီး နည်းပြ အဲရစ် တန်ဟက်ဂ် ကို ယခုလို မှတ်ချက်ပြု ချီးကျူးသွားခဲ့ပါတယ်။




‘သူတို့ အသင်းဆီကို နည်းပြ အဖြစ် Erik Ten Hag ရောက်ရှိလာ ကတည်းက အရာရာ ပြောင်းလဲ သွားခဲ့တယ်၊ တကယ့်ကို အံ့အားသင့်ဖွယ်ပါ၊ သူ အစပိုင်းမှာ အနည်းငယ် ခက်ခဲမှု ရှိခဲ့တယ်။




ဒါက တသင်းလုံးကို သူရဲ့ အတွေးအခေါ်တွေ ရိုက်သွင်းဖို့ လအနည်းငယ် အချိန်ယူခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ သူက အသင်းအတွက် ကြီးမားတဲ့ အကျိုး သက်ရောက်မှု ဖြစ်စေခဲ့တယ်။ ’ လို့ တာစတီဂန် က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

credit