မန်ချက်စတာ ယူနိုက်တက် နဲ့ ယနေ့ည ကစားသွားရမယ့် အပေါ် သုံးသပ် စကား ပြောဆိုလာတဲ့ ရာဖင်ဟာ
|ဘာစီလိုနာ အသင်းဟာ ဒီကနေ့ညမှာ ယူရိုပါလိဂ် 32 သင်း အဆင့် ရှုံးထွက် ပွဲစဥ်အဖြစ်် ကတ်တလန် မြေမှာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက််စတာ ယူနိုက်တက် ကို ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာ ဟာ 11 ပွဲ အနိုင်ရထားပြီး
အမှတ်ပေး ဖလား ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ် ကို 8 မှတ် ဖြတ်ထားပြီး ဖလား ဆွတ်ခူးဖို့ ရေပန်းစား နေပါတယ်၊ အခြားတဘက်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရာသီ ပြိုင်ပွဲ 4 ခုလုံးမှာ ဆက်လက် ယှဥ်ပြိုင်နေဆဲ အသင်း ဖြစ်ပြီး
ဒီရာသီမှာ ဖလား လက်မဲ့ ဖြစ်နေတာကို အဆုံးသတ်ဖို့ အလား အလာ ကောင်းမွန်နေတာ ဖြစ်ပါတယ်။ ဒီပွဲစဥ် မတိုင်မီ လိဒ်စ် တောင်ပံ ကစားသမားဟောင်း ရာဖင်ဟာ က မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး ယခုလို့ ပြောဆိုသွားခဲပါတယ်။
ရာဖင်ဟာ က- ခက်ခဲတဲ့ ပွဲတစ်ပွဲ မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ အတွက် အကောင်းဆုံး ပွဲစဥ်ထဲက တစ်ပွဲပါ။ ပွဲကောင်း တစ်ပွဲ ကစားရဖို့ ကျွန်တော် မျှော်လင့်နေပါတယ်၊ သူတို့က ကစားရ ခက်တဲ့ အသင်းမျိုး ဖြစ်ပြီး
ဒီလို ပွဲစဥ်မျိုးမှာ အနိုင်ရဖို့ လိုတယ် ဆိုတာ သိထားပါတယ််၊ ကျွန်တော်တို့ ပွဲစဥ် အတွက် အဆင်သင့် ဖြစ်နေပါပြီ။ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲစဥ် အတွက်ပဲ မဟုတ်ပါဘူး၊ တစ်ရာသီလုံး အတွက်ကို အသင့် ဖြစ်နေတာပါ၊ ဒီရာသီ အခုလို
ရက်စွဲတွေမှာ ပွဲစဥ်တွေ ဆက်တိုက် ကစားပြီး ကစားသမားတွေ ပင်ပန်း နွမ်းနယ်နေမယ်ဆိုတာ ပုံမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ပုံစံကို ပိုင်ဆိုင် ထားကြပြီး နောက်တစ်ဆင့် အတွက် အဆင်သင့် ဖြစ်နေကြပါတယ်။
မန်ချက်စတာ ယူနိုက်တက် က ကမ္ဘာ့ အကောင်းဆုံးထဲက တစ်သင်းပါ၊ သူတို့လည်း ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့ပေမယ့် ခမ်းနားပြီး ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
credit