ရပ်ရှ်ဖို့ဒ် အကြောင်း ထုတ်ပြောလိုက်ပြီး ပြိုင်ဘက်တွေကို သတိပေးစကား ဆိုလိုက်တဲ့ ဘာဘာတော့ဗ်
|မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင််း ဖြစ်သူ ဘာဘာတော့ဗ် က အဲရစ် တန်ဟက်ဂ် လက်အောက်မှာ တောက်ပနေတဲ့ ရပ်ရှ်ဖို့ဒ် က ဆက်ပြီး တိုးတက်လာဦးမှာ ဖြစ်ကြောင်း ဆိုလိုက်ပါတယ်။ ရပ်ရှ်ဖို့ဒ် ဟာ
ကမ္ဘာ့ဖလား ပြိုင််ပွဲမှာ England အတွက် သုံးဂိုး သွင်းယူ နိုင်ခဲ့ပြီး ကလပ်ဆီ ပြန်လာချိန်မှာလည်း အထူး ပုံစံကောင်းတွေ ဆက်တိုက်် ပြသနေတာ ဖြစ်ပါတယ်၊ ရပ်ရှ်ဖို့ဒ် နဲ့ ပတ်သက်ပြီး ဘာဘာတော့ဗ် က-
ရပ်ရှ်ဖို့ဒ် က အသက် 25 နှစ်ပဲ ရှိသေးပြီး ရှေ့ဆက် ပွဲစဥ်တွေ အများကြီး ကစားရဖို့ ရှိပါတယ်၊ သူက ကလေး ဘဝထဲက ဒီအသင်းမှာ ရှိသူ ဖြစ်တာကြောင့် သူဒီကို ရောက်နေတာ ကြာပြီလို့တောင် ဆိုရပါမယ်။
အကယ်ဒမီ ကစားသမား တစ်ဦး အတွက် ဒီထက်် ပိုပြီး တောက်ပနိုင်တဲ့ ပုံပြင်ကောင်းတွေ ပိုင်ဆိုင်ဖို့ ရှိတယ်၊ ကျွန်တော် မားကပ်စ် ကို အမြဲတမ််း နှစ်သက်မိတယ်၊ သူ့ အတွက် တကယ်ပဲ ကျေနပ် ပျော်ရွှင်မိပါတယ်။
သူ့မှာ ခံစစ်မှူးတွေ ကြောက်ရွံ့စေနိုင်တဲ့ အရည်အသွေးတွေ ရှိတယ်၊ သူက လျှင်မြန်မှုနဲ့ လှုပ်ရှားမှု ကောင််းမွန်တဲ့ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်ပြီး ပြိုင်ဘက်ကို ကျော် ပြေးနိုင်စွမ်း ရှိတယ်၊ အသင်းဖော်တွေရဲ့
ပေးပို့မှု တွေကိုလည်း ကောင်းကောင်း လက်ခံ ရယူနိုင်စွမ်း ရှိတယ်၊ သူ့ရဲ့ စကေးနဲ့ အလိမ်အခေါက် စွမ်းရည် အရ ဆိုရင် ပြိုင်ဘက်တွေကို ကောင်းကောင်း ရင်ဆိုင် ကစားနိုင်ပါတယ်၊ လက်ရှိမှာ သူနဲ့ ပတ်သက််လို့
အရာရာ ကောင်းမွန်နေတယ်လို့ ခံစားရပြီး ချီးကျူးမှုနဲ့ ထိုက်တန်သူပါပဲ၊ ပြီးခဲ့တဲ့ တစ်ပါတ် အတွင်း ခေါင်းတိုက်ဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့တာ မြင်ခဲ့ရတယ်၊ သူဟာ အဲ့ဒီလို နေရာတွေမှာ ဆက် တိုးတက်နိုင်သေးတယ်လို့ ပြောချင်ပါတယ်။
လျှင်မြန်တဲ့ ကစားသမားတွေက ကြွက်သားပိုင်းနဲ့ ပတ််သက်လို့ ဒဏ်ရာ ရလွယ်ကြတယ်၊ သူသာ ကျန်းမာပြီး ဒဏ်ရာကင်းနေမယ် ဆိုရင် ပြိုင်ဘက်တွေ ရင်မဆိုင်လိုတဲ့ ကစားသမား တစ်ဦးပါ ဖြစ်လာမယ်လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
credit