ဘာစီလိုနာ နဲ့ ပွဲအကြောင်း သုံးသပ်ပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေအကြောင်း အဲရစ် တန်ဟက်ဂ် နှင့် ရပ်ရှ်ဖို့ဒ် ထုတ်ပြော

ဘာစီလိုနာ အိမ်ကွင်း နူးကမ့် မှာ ၂-၂ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့တဲ့ စိတ်လှုပ်ရှားစရာ ပွဲစဉ် အတွင်း အနိုင်ရလဒ် မထွက်ခြင်း အတွက် မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် နဲ့




တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖိုဒ့် တို့က အလွန်အမင်း စိတ်ပျက်နေပါတယ်။ ဒီရာသီမှာ ၂၂ ဂိုးမြောက် သွင်းဂိုးကို ရယူခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖိုဒ့် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ၂-၁ နဲ့ အနိုင် ရရှိနေချိန်




ဘာစီလိုနာ ခံစစ်သမား ဖြစ်သူ ကွန်ဒီ ရဲ့ ပြစ်ဒဏ် ကျူးလွန်ခြင်းကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်၊ မားကပ်စ် ရပ်ရှ်ဖိုဒ့် က ပင်နယ်တီ ရလိုခဲ့ ပေမယ့် ငြင်းဆန်ခံ ခဲ့ရသလို ကွန်ဒီ ကလည်း ဘာပြစ်ဒဏ်မှကို မရရှိခဲ့တာ ဖြစ်ပါတယ်။




ပွဲစဥ် အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က-

ကွင်းလယ် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် တွေက ပွဲစဥ် အပေါ် အများကြီးကို သက်ရောက်မှု ရှိခဲ့ပါတယ်၊ မားကပ်စ် ရပ်ရှ်ဖိုဒ့် ကို အရှင်းကြီး ဖောင်းလုပ် သွားတာဗျာ၊ ပြီးမှ ဧရိယာ စည်းထဲမှာလား အပြင်မှာလား




ဆွေးနွေးချင် ဆွေးနွေးကြပေါ့။ ဒါပေမယ့် အဲ့တာက အနီကဒ်မှ အနီကဒ် ပါ၊ ဘာလို့လဲ ဆိုတော့ ကျွန်တော့ ကစားသမားက ဂိုးသမားနဲ့ တစ်ဦးချင်း အနေအထား ဖြစ်နေတာလေ၊ တကယ်ပဲ စိတ်ပျက် ဒေါသထွက်မိပါတယ်၊ ဒီ ဆုံးဖြတ်ချက် တွေက




အခုပွဲ အတွက်တင် မဟုတ်ဘဲ နောက်အဆင့် တက်ရောက်ဖို့ အတွက်ပါ သက်ရောက်မှု ကြီးမားခဲ့ပါတယ်။ ဒိုင်တွေက အမှားကြီးတွေကို လုပ်မိတာပါပဲ။ လို့ ဝေဖန်သွား ခဲ့ပါတယ်။ မားကပ်စ် ရပ်ရှ်ဖိုဒ့် ကလည်း




ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို သဘော မကျကြောင်းကို ယခုလို ပြောဆို သွားခဲ့ပါတယ်။ ပွဲစဥ်ရဲ့ အရေးပါတဲ့ အခိုက်အတန့် ဖြစ်ပါတယ်၊ အခု ဖြစ်ရပ်ကို ကျွန်တော့ အနေနဲ့ ပြန် မကြည့်ရ သေးပေမယ့် စည်းကြပ်ဒိုင်နဲ့




ကွင်းလယ်ဒိုင် တို့က ကျနော် လဲချလိုက်တယ်လို့ ယူဆလိုက်တာကို လုံးဝ နားမလည် နိုင်အောင် ဖြစ်ရတယ်၊ ကွန်ဒီ နဲ့ ထိတွေ့မှု ဖြစ်ခဲ့တာပါ။ ကျနော် ခြေက ဘောလုံးကို ဦးယူထားခဲ့တာပါ၊ သူက ခြေထောက်ကို ထိခဲ့တာမို့ ရှင်းလင်းတဲ့ ထိချက် ဖြစ်ပါတယ်။

အဲ့တာက ပင်နယ်တီတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော်ကို ပြစ်ဒဏ် လုပ်သွားတာ ရာနှုန်းပြည့် သေချာပါတယ်။ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဘာစီလိုနာ အသင်းဟာ ဒုတိယ အကျော့ ပွဲစဉ် အဖြစ်ကို နောက်အပတ် ကြာသပတေးနေ့ အိုးလ်ထရက်ဖိုဒ့် မှာ ပြန်လည် ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

credit