မန်ချက်စတာ ယူနိုက်တက် ရဲ့ ဖလားလေးလုံး လမ်းကြောင်း အခြေအနေကို ရှင်းပြပြီး ဘောလုံးလောကကို ခြောက်လှန့်လိုက်တဲ့ ပေါလ်စခိုး
|ဘာစီလိုနာနဲ့ သူတင် ကိုယ်တင် ကစားခဲ့တဲ့ ပွဲစဉ် အပြီးမှာ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆုဖလား လေးလုံး လမ်းကြောင်းပေါ်မှာ ဆက်ရှိနေဆဲ ဖြစ်ကြောင်း ဂန္တဝင် ကစားသမားဟောင်း ပေါလ်စခိုး က ပြောဆို လိုက်ပါတယ်။
နူးကမ့်မှာ ဘာစီလိုနာ နဲ့ နှစ်ဂိုးစီ သရေ ကျခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်း အဆင့် ပထမအကျော့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ခြေစွမ်းကို ပေါလ်စခိုး က ကျေနပ် အားရလျှက် ရှိပြီး တကယ်ကို ကောင်းမွန်တဲ့ အသင်း တသင်း ဖြစ်နေပြီလို့ ပေါလ်စခိုးက ချီးကျူး ပြောဆိုပါတယ်။
မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ အဆုံးအဖြတ် ပွဲကို အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမှာ ဖြစ်လို့ အခွင့်အလမ်း အနေနဲ့ အသာစီး ရရှိသွားပြီ ဖြစ်ပါတယ်၊ လက်ရှိမှာ ကာရာဘောင် ဖလား ဗိုလ်လုပွဲကို ရောက်ရှိထားပြီး အက်ဖ်အေ ဖလား မှာလည်း
ပဉ္စမ အဆင့်၊ ပရီးမီးယားလိဂ် မှာလည်း မန်စီးတီး နဲ့ အာဆင်နယ် အသင်းတို့နောက် ၅ မှတ် အကွာနဲ့ ရှိနေပြီး ဆုဖလား အားလုံး ရယူနိုင်ချေရှိတဲ့ လမ်းကြောင်း ဖြစ်ပေါ်နေပါတယ်။ ပေါလ်စခိုး က- ဆုဖလား လေးလုံး လမ်းကြောင်းက
ဆက်ရှိနေတုန်းပဲ၊ ပွဲတိုင်း ပွဲကြီးပွဲကောင်း တွေပါပဲ။ လို့ ပြောဆိုပါတယ်၊ ဒီနောက် အစီအစဉ် တင်ဆက်သူ ဂျူးလက်စ် ဘရိချ် က ‘ရှင် နောက်တာတော့ မဟုတ်ပါဘူးနော်’ လို့
မေးခဲ့ရာမှာ ပေါလ်စခိုး က ‘မနောက်ဘူး၊ အတည်ပြော နေတာ’ လို့ ပြန်လည် တုံ့ပြန်သွား ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ဆုဖလား လေးလုံး ရည်မှန်းချက်ကို ဆက်ပြီး အသက်သွင်းဖို့ ဆိုရင်တော့
ဘာစီလိုနာ နဲ့ ထပ်မံ ကစားရမယ့် ယူရိုပါလိဂ် ၃၂ သင်း အဆင့် ဒုတိယအကျော့၊ ကာရောဘောင် ဗိုလ်လုပွဲမှာ နယူးကာဆယ်၊ အက်ဖ်အေ ဖလား ပဉ္စမအဆင့်မှာ
ဝက်စ်ဟမ်း အသင်းတို့ကို အနိုင်ယူဖို့ အတွက်တော့ သိပ်ကို
အရေးကြီးပါတယ်၊ လက်ရှိ ခြေစွမ်းအရ ဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆိုပါ ပွဲတွေမှာ အခြေအနေ ကောင်းတွေကို ရယူနိုင်ဖွယ် ရှိနေပြီး Erik Ten Hag လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် အတွက်
မားကပ်စ် ရပ်ရှ်ဖို့ဒ် ကထူးခြားတဲ့ ခြေစွမ်းပြနေပြီး အသစ် ခေါ်ယူထားတဲ့ ကစားသမား အားလုံးနီးပါး ကလည်း အားကိုး နေရတာကို မြင်တွေ့ နေရပါတယ်၊ အဲရစ်ဆန် ကတ်စမဲရိုး၊ မာတီနက်ဇ်၊ မာလာစီယာ၊ ဝက်စ်ဟော့ တို့က အဲရစ် တန်ဟက်ဂ် ရဲ့ စိတ်ကြိုက် ကစားသမားတွေ အဖြစ်နဲ့ ပွဲထွက်ခွင့်လည်း ရရှိနေပါတယ်။
credit