အသင်း ပိုင်ရှင်သစ်ကို မကြာမီမှာပဲ တရားဝင် ထုတ်ပြန် ကြေငြာဖွယ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်
|ကာတာ နိုင်ငံရဲ့ စော်ဘွား ခေါင်းဆောင် အယ်သနီ က သူငယ်ငယ် ကတည်းက အားပေး လာခဲ့တဲ့ ပရီးမီးယားလိဂ် နာမည်ကြီး ကလပ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်း ပိုင်ရှင်သစ်
ဖြစ်လာမယ်လို့ ယုံကြည်ရတဲ့ နာမည်ကြီး ကာတာ သတင်းထောက်များက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။ မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာ မိသားစုက ပိုင်ရှင်သစ်
ရှာဖွေ နေကြောင်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကုန်ခါနီးမှာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး ဂလေဇာ မိသားစုရဲ့ ကြေငြာချက် အပြီးမှာပဲ ကမ္ဘာတလွှားမှာ ရှိတဲ့ ဘီလီယံနာ သန်းကြွယ် သူဌေး အများစုက
မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ ကြိုးစား လာကြပါတယ်၊ လက်ရှိမှာ ကာတာ စော်ဘွား ခေါင်းဆောင် အယ်သနီ ရဲ့ မိသားစု အပါအဝင် ကမ္ဘာတလွှားမှာ ရှိတဲ့ သန်းကြွယ်သူဌေး မိသားစုတွေက
မန်ချက် စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ သူတို့ရဲ့ အဆက်အသွယ်တွေ ကနေ တဆင့် ဂလေဇာ မိသားစုထံ ကမ်းလှမ်းမှုတွေ ပေးပို့ခဲ့ကြကာ ဇာမိသားစုက ပြီးခဲ့တဲ့ သောကြာနေ့ကို နောက်ဆုံး ထားပြီး
ကမ်းလှမ်းမှုတွေကို လက်ခံခဲ့ ပါတယ်၊ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက် အရ အယ်သနီရဲ့ မိသားစုက မန်ချက်စတာ ယူနိုက်တက် အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပေါင် ၅ဘီလီယံ ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းခဲ့ပြီး သူတို့ရဲ့ ကမ်းလှမ်းမှုက ဗြိတိန် သန်းကြွယ်သူဌေး ရက်ကလစ်ဖ် ရဲ့
ကမ်းလှမ်းမှုထက် ပေါင် ၁ ဘီလီယံကျော် ပိုများနေတာကြောင့် အယ်သနီရဲ့ မိသားစုကသာ မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင်သစ် ဖြစ်လာဖို့ ရာခိုင်နှုန်း များနေကြောင်း သိရပါတယ်၊ နာမည်ကြီး ကာတာ စော်ဘွား သတင်းထောက် မာဂျီဒယ် ခါလိုင်ဖီ ကလည်း မန်ချက်စတာ ယူနိုက်တက် ဟာ
ကာတာ နိုင်ငံနဲ့ ဆက်နွယ်တဲ့ ကလပ်တခု ဖြစ်သွားပြီလို့ ယနေ့ နံနက် အစောပိုင်း မှာပဲ သူ့ရဲ့ လူမှုကွန်ယက် အကောင့်မှာ တင်ကာ အယ်သနီက မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူနိုင်တော့မယ့် အကြောင်း ထပ်ဆင့် အတည်ပြု ပေးထားပါတယ်၊ ဂလေဇာ မိသားစုက
မန်ချက်စတာ ယူနိုက်တက် အတွက် ပေါင် ၆ ဘီလီယံ ဝန်းကျင် လိုချင်နေတ ကြောင့် ဂလေဇာ မိသားစုနဲ့ အယ်သနီ မိသားစုတို့ ကြားထဲမှာ မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ
ဆက်လက် ပြုလုပ်ရဖို့ ရှိနေပေမယ့် တခြား သန်းကြွယ်သူဌေး တွေက မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၄၅ ဘီ လီယံထက် ပိုမပေး ချင်တာကြောင့် အယ်သနီက မန်ချက်စတာ ယူနိုက်တက် ကို ပေါင် ၅.၅ ဘီလီယံ ဝန်းကျင်နဲ့ ဝယ်ယူနိုင်ဖို့ အခွင့်အလမ်း များပြားနေပြီး မကြာမီမှာပဲ တရားဝင် ကြေငြာဖွယ် ရှိနေပါတယ်။
credit