မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာ သူတို့ ပင်နယ်တီ ရသင့်ကြောင်း ရှင်းပြလိုက်ပြီး ဒေါသ ပေါက်ကွဲလိုက်တဲ့ ဇာဗီ

ဒီက‌နေ့ နံနက် အစောပိုင်းက နူးကမ့်မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ တစ်ဘက် နှစ်ဂိုး သရေ ကျခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် ပွဲစဉ် အတွင်း ဘာစီလိုနာ အသင်း ရရှိမယ့် ပယ်နယ်တီ အခွင့်အရေးကို ငြင်းဆန်ခဲ့မှု အပေါ်




ဘာစီလိုနာ နည်းပြချုပ် ဇာဗီ က ဒေါသတကြီး ဝေဖန် ပြောဆို လိုက်ပါတယ်၊ ဒီ ပွဲစဉ်အတွင်း ဂိုးဧရိယာထဲမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ် က ဘောလုံးကို လက်နဲ့ ထိခဲ့တာကြောင့်




ပယ်နယ်တီ ပေးဖို့ အိမ်ရှင် အသင်းက တောင်းဆိုခဲ့ပေမယ့် ကွင်းလယ်ဒိုင် က ပယ်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်၊ ဘာစီလိုနာ နည်းပြ အတွက် ဒီဆုံးဖြတ်ချက် က ဘဝင်ကျစရာ လုံးဝ ဖြစ်မလာခဲ့ကြောင်း သိရှိရပြီး




ပွဲစဉ် အပြီး ဇာဗီ က- ချန်ပီယံလိဂ်မှာ အင်တာမီလန် နဲ့ ရင်ဆိုင်ရ တုန်းကလည်း ဒီလို အဖြစ်အပျက် မျိုးပါပဲ ကျွန်တော်တို့ အတွက် ပယ်နယ်တီ မပေးခဲ့ဘူး၊ အခုလည်း ပယ်နယ်တီ မရပြန်ပါဘူး။




ဒီလို လက်ထိဘော အတွက် ဘယ်လို အနေအထားမျိုး မှာမှ ဘာစီလိုနာ အသင်း ပယ်နယ်တီ ရရှိမလဲ ဆိုတာ ကျွန်တော်လည်း မသိတော့ပါဘူး၊ ဒီ ဆုံးဖြတ်ချက်က ကျွန်တော့် အတွက်တော့ ယုံကြည်နိုင်အောင် ဖြစ်စေခဲ့တယ်၊ သူတို့ကတော့ ဒီ ဖြစ်ရပ်ကို VAR စစ်ဆေးပြီး သွားပြီလို့ ပြောတာပါပဲ။ လို့ ပြောဆို ခဲ့တာပဲ ဖြစ်ပါတယ်။

credit