မန်ချက်စတာ ယူနိုက်တက် မှာ ပြန် ကစားခွင့် ရဖို့ လုပ်ဆောင်ခဲ့တဲ့ ဂရင်းဝုဒ် ရဲ့ လျို့ဝှက် လှုပ်ရှားမှု ပေါက်ကြားလာ
|ယမန် နှစ်က အတူနေ ချစ်သူ ဟာရီ ရော့ဘ်ဆန် အပေါ် အိမ်တွင်း အကြမ်းဖက်မှု၊ အဓမ္မ ကျင့်ရန် ကြံစည်မှု တို့နဲ့ ရဲတပ်ဖွဲ့ရဲ့ စွဲချက်တင် ခံခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ် ဟာ
ယခုအခါ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပြန် ပါဝင် ကစားခွင့် ရရှိဖို့ အတွက် သူ့ရဲ့ အသင်းဖော် တွေနဲ့ လျို့ဝှက် တွေ့ဆုံခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sun က ဖော်ပြ သွားခဲ့ပါတယ်။
၂၁ နှစ်အရွယ် အင်္ဂလန် လူငယ် ကြယ်ပွင့် တိုက်စစ်မှူး ဂရင်းဝုဒ် ဟာ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ဘယ်ခြေ၊ ညာခြေ နှစ်ဖက် စလုံးကို အသုံးပြုနိုင်ပြီး
တိကျတဲ့ အဆုံးသတ် စွမ်းရည်ကြောင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်လာမယ်လို့ ထင်ကြေးပေး ခံထားရသူ လည်းဖြစ်ပါတယ်၊ ဂရင်းဝုဒ် က ခြေစွမ်းခြေစ ကောင်းသလို အလားအလာ ကောင်းတွေလည်း များစွာ
ပိုင်ဆိုင်ထားပေမယ့် မထင်မှတ်ပဲ အခုလို အကြမ်းဖက်မှု ကျူးလွန်မိ ခဲ့တာကြောင့် မန်ချက်စတာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး ထိန်းသိမ်း ခြင်းကို ခံခဲ့ရတာ ဖြစ်ပြီး အိမ်တွင်း အကြမ်းဖက်မှု၊ အဓမ္မကျင့်ရန် ကြံစည်မှု အပါအဝင်
တခြား အမှုတချို့နဲ့ပါ တစ်နှစ် ဝန်းကျင် ကြာထိအောင် စုံစမ်း စစ်ဆေးခံ ခဲ့ရပါတယ်၊ ဒါပေမယ့် ဂရင်းဝုဒ် ရဲ့ ရည်းစားဟောင်း ဖြစ်သူ ဟာရီ ရော့ဘ်ဆန် က ယခုနှစ် အစပိုင်းမှာပဲ အမှုကို ပြန်လည် ပိတ်သိမ်း ခဲ့တာကြောင့်
မန်ချက်စတာ ရဲတပ်ဖွဲ့ဟာ ဂရင်းဝုဒ် အပေါ် စုံစမ်း စစ်ဆေးမှု တွေကို ရပ်တန့်ခဲ့သလို ထိန်းသိမ်းထားမှု ကနေပါ လွှတ်ပေးခဲ့ တာကြောင့် ဂရင်းဝုဒ် ဟာ လက်ရှိမှာ စွဲချက်တွေ အားလုံးကို
ရှင်းထုတ် နိုင်ခဲ့ပြီလို့ ဆိုရပါမယ်၊ ဂရင်းဝုဒ် က စွဲချက်တွေ အားလုံးကို ဖြေရှင်းနိုင် ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းက ဂရင်းဝုဒ် ကို အသင်းရဲ့ လူစာရင်းထဲမှာ ပြန်လည် ထည့်သွင်းဖို့ အတွက်
စတင် စဉ်းစားနေ ပေမယ့် မန်ချက်စတာ ယူနိုက်တက် အမျိုးသမီး ကြယ်ပွင့် ဘောလုံးသမား တချို့က ဂရင်းဝုဒ် လို အမျိုးသမီး တစ်ဦး အပေါ် အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် မှ
ာ
မမြင်ချင်ကြပါဘူး၊ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunရဲ့ ဖော်ပြချက် အရ ဂရင်းဝုဒ် က သူ့ရဲ့ အပြစ်တွေကို သိပေမယ့် မန်ချက်စတာ ယူနိုက်တက် အတွက် နောက် တကြိမ် ပြန်လည် ကစားဖို့ အတွက်
စိတ်အား ထက်သန်နေပြီး ဂရင်းဝုဒ် ဟာ သူ့ရဲ့ အသင်းဖော် တချို့နဲ့ လျို့ဝှက် ချိန်းဆိုကာ သူ့ရဲ့ ဖြစ်ရပ်တွေကို ရှင်းပြခဲ့ပြီး ပြန်လည် ကစားခွင့်ရအောင် ကူညီပေးဖို့ ပြောကြားခဲ့ပါတယ်။ ဂရင်းဝုဒ် နဲ့ တွေ့ဆုံခဲ့တဲ့
အမျိုးသမီး အသင်း ကစားသမားတွေဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အကယ်ဒမီမှာ ၎င်း ရှိနေစဉ် ကတည်းက သူနဲ့ ရင်းနှီးခဲ့သူတွေ ဖြစ်ကြောင်းလည်း The Sun သတင်းဌာနက ဖော်ပြသွား ခဲ့ပါတယ်။
credit