အိုးလ်ထရက်ဖို့ဒ်မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက် Vs လက်စဝာာ ပွဲစဉ် အတွက် ပေါလ်မာဆန် ရဲ့ သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီ တပတ် ပရီးမီးယားလိဂ်မှာ လက်စတာ စီးတီး အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်၊ ဒီ နှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ ည




၈ နာရီခွဲ အချိန်မှာ ကစားကြမှာ ဖြစ်ပြီး ပေါလ်မာဆန် က မန်ချက်စတာ ယူနိုက်တက် နဲ့ လက်စတာ တို့ရဲ့ ပွဲစဥ် အတွက် အခုလို သုံးသပ် ခန့်မှန်းသွား ခဲ့ပါတယ်။




ဒီပွဲစဉ်က သိပ်ကောင်းမယ့် ပွဲစဥ် ဖြစ်ပြီး ဂိုးတွေအများကြီး မြင်ရမယ့် ပွဲ ဖြစ်လာမှာပါ၊ ယခု လက်ရှိမှာ လက်စတာ စီးတီး အသင်း က အရင်နဲ့ မတူတော့ဘူး၊ ကစားသမားတွေ အားလုံး ကြံ့ခိုင်မှု ပြန်ရ နေပါပြီ။




အရင် ၄ ပတ်နဲ့ မတူတော့ပဲ သူတို့ အမြင့်ကို ပျံသန်းနေပါပြီ၊ မန်ချက်စတာ ယူနိုက်တက် က ကတ်စမဲရိုး၊ အဲရစ်ဆင် တို့ မပါဘဲ ကစားရမှာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ အပတ်က လိဒ်စ် နဲ့ ပွဲစဥ်ကို ကြည့်လိုက်ရင် နည်းပြ




အဲရစ် တန်ဟက်ဂ် က ဘာစီလိုနာ နဲ ပွဲ အတွက် အဓိက အားထည့် ထားတာ ထင်ရှားပါတယ်၊ ဒီကြားထဲ အာဆင်နယ် က ထပ်ရှုံးသွားတော့ မန်ချက်စတာ ယူနိုက်တက် က ထပ်ပြီး အားတက်လာတယ်၊ လိဒ်စ် နဲ့ ပွဲမှ





မန်ချက်စတာ ယူနိုက်တက် တို့ သိပ်မကောင်းပေမယ့် ဘယ်လိုနေနေ နိုင်မှာပဲလို့ ခံစားမိခဲ့တယ်၊ ဘရူနို ဖာနန်ဒက်စ် ကလည်း သိပ်ကောင်းနေတယ်၊ လူငယ်လေး ဂနာချို ကလည်း သက်ရောက်မှုတွေ ပြသထားနိုင်ပြီး




ပွဲထွက် လူစာရင်းမှာ ပါဝင်လာရင် သိပ် မကောင်းပေမယ့် လူစားဝင် လာချိန်မှာ သူ့ရဲ့ အရှိန်နှုန်းက အတော်လေး ကောင်းပါတယ်၊ လက်စတာ စီးတီး က မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် စမ်းသပ်မှုကောင်း

တစ်ခု ဖြစ်စေမှာပါ၊ လက်စတာ မှာ ဆုံးရှုံးစရာ ဘာမှ မရှိတော့ဘူး၊ သူတို့ရဲ့ ကသောင်းကနင်း အခြေအနေကို ပေါက်ကွဲ ပြမယ့် ပုံပါပဲ၊ မန်ချက်စတာ ယူနိုက်တက် အသင်းက ကွင်းလယ်မှာ ကတ်စမဲရိုး မရှိနေဘူး။




လက်စတာ က ကွင်းလယ်ကနေ ကျော်ဖြတ် ပြေးလွှား နိုင်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် က တိုက်စစ်တော့ အရမ်းကောင်းတယ်၊ သူတို့ ဂိုးတွေ သွင်းပါလိမ့်မယ်၊ ဒါပေမယ့် လက်စတာ စီးတီး က ပြဿနာ ပေးနိုင်မယ် ထင်ပါတယ်။ လို့ ပေါလ်မာဆန် က သုံးသပ် ထားပါတယ်။

ခန့်မှန်းချက်- မန်ချက်စတာ ယူနိုက်တက် 2-2 လက်စတာ စီးတီး

credit