ဖလားလေးလုံး လမ်းကြောင်းပေါ်မှာ သူ့ရဲ့ အမြင့်ဆုံး မျှော်လင့်ချက်က ဘာလဲ ဆိုတာ ထုတ်ဖော် ပြောကြားလိုက်တဲ့ အဲရစ် တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ် က သူ့အနေနဲ့ အသင်းအတွက် ဒီရာသီမှာ အများကြီး မျှော်လင့်မထားပဲ အဓိက ပစ်မှတ် အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံဆု မဟုတ်ပဲ ချန်ပီယံလိဂ် ဝင်ခွင့်

ရရှိရေးလောက်သာ ဖြစ်တဲ့ အကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားပါတယ်၊ အဲရစ် တန်ဟက်ဂ် ဟာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကောင်းမွန်တဲ့ ပုံစံ တခု ရအောင် ဦးဆောင်ပေးထား နိုင်ခဲ့ပြီး




သူ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရလဒ်ပိုင်းတွေ သိသိသာသာ တိုးတက် လာခဲ့သလို ကစားပုံ ပိုင်းမှာလည်း တိကျတဲ့ ကစားဟန် တခု ရှိလာခဲ့ပါတယ်၊ ဒါကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်




အမှတ်ပေးဇယား အဆင့် ၃ နေရာ အထိကို သိမ်းပိုက် သွားနိုင်ခဲ့ သလို ဇယားထိပ်မှာ ရှိနေတဲ့ မန်ချက်စတာ စီးတီး နဲ့လည်း ရမှတ် ၅ မှတ်သာ ကွာဟ ပါတော့တယ်၊ အဆင့် ၁ နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီး နဲ့လည်း




ရမှတ် ၅ မှတ်သာ ကွာဟတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေက မန်ချက်စတာ ယူနိုက်တက် အသင်းကို မန်ချက်စတာ စီးတီး၊ အာဆင်နယ် အသင်းတို့နဲ့ အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို လုမယ့် အသင်း အဖြစ်




သတ်မှတ်လာ ကြတာ ဖြစ်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ချန်ပီယံဆုကို ခေါင်းထဲ ထည့်ထားနိုင်တဲ့ နေရာမျိုးမှာ မရှိပဲ သူတို့ အတွက် အရေးအကြီးဆုံး အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်




ရဖို့သာ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အတွက်ကိုလည်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာရော၊ ယူရိုပါလိဂ် ပြိုင်ပွဲမှာပါ အားထည့် ကစားသွားမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။ Erik Ten Hag က- ကျွန်တော်တို့ ဒီလောက် အထိတော့




ချန်ပီယံဆုကို ရည်ရွယ်လျက် အဝေးကြီး မတွေးထား ပါဘူး၊ ကျွန်တော်တို့ အခု လုပ်ဆောင်နေ ခဲ့တာက ဧပြီလမှာ အဆင့် ကောင်းကောင်းနဲ့ ရပ်တည်နိုင်ဖို့ အတွက်ပါ။ ကျွန်တော်တို့က ကျွန်တော်တို့ လိုချင်တဲ့ နေရာကို ရနိုင်တဲ့




လမ်းကြောင်းမှန် ပေါ်မှာ ရှိနေပါတယ်၊ ကျွန်တော်တို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် လမ်းကြောင်း ၂ ခုကို ပိုင်ဆိုင်ထား ပါတယ်၊ ပထမ တခု အနေနဲ့ကတော့ ယူရိုပါလိဂ် ပြိုင်ပွဲပါ၊ နောက်တခုကတော့ အနေနဲ့က ပရီးမီးယားလိဂ် ပြိုင်ပွဲပါ။

ကျွန်တော်တို့ ဘာတွေ လုပ်ရမလဲ ဆိုတာကို တပွဲချင်းစီသာ တွေးသွားရပါမယ်၊ ကျွန်တော်တို့က ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲဆီ ပြန်သွားခွင့် ရဖို့ အတွက်ကို ကြိုးစားရပါမယ်။ လို့ Erik Ten Hag က ပြောကြားသွား ခဲ့တာ ဖြစ်ပါတယ်။

credit